ပြည်သူ့အတွက် စတုတ္ထ တစ်နှစ်တာ သတင်းများ

ထင်ရှားကျော်ကြားလှသည့် သမိုင်းဝင်ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကြီး အပါအဝင် တန်ခိုးကြီးဘုရားများ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ သမိုင်းဝင်နေရာများ၊ တော၊ တောင်၊ ရေ၊ မြေ သဘာဝအလှအပများ ပေါကြွယ်ဝရာ မွန်ပြည်နယ်သည် လက်ရှိ မွန်ပြည်နယ် အစိုးရအဖွဲ့ စတင်တာဝန်ယူခဲ့သည့် အချိန်မှစ၍ ဒေသတွင်းပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်နယ်ကြီးတစ်ခုလုံး ကျေးလက်၊ မြို့ပြကွာဟမှုမရှိဘဲ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာစေရန် ဘက်စုံ၊ ကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လေးနှစ်တာကာလ အတွင်း သိသာထင်ရှားသည့် ပြောင်းလဲတိုးတက်လာမှုများကို မြင်တွေ့ကြရမည်ဖြစ်သည်။

05/25/2020 - 09:51

ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးမှုအားကောင်းခိုင်မာရန်အတွက် နိုင်ငံတစ်နိုင်ငံတွင် လွှတ်တော်များ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီး လှသည်။ လွှတ်တော်များသည် နိုင်ငံသားပြည်သူများကို ကိုယ်စားပြုလျက် ခေတ်စနစ်နှင့် မလျော်ညီသည့် ဥပဒေများ ပြင်ဆင်ခြင်း၊ ရုပ်သိမ်းခြင်းနှင့် ဥပဒေ၏ အကာအကွယ်ရယူ၍ ပြည်သူများ အေးချမ်းလုံခြုံစွာနေထိုင်နိုင်ရန်နှင့် ဥပဒေ၏အကာအကွယ်ကို တန်းတူရရှိစေရန် လိုအပ်သည့် ဥပဒေသစ်များ အတည်ပြုပြဋ္ဌာန်းပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

05/25/2020 - 09:29

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသည် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ထိထိရောက်ရောက် ဖိတ်ခေါ်လုပ်ဆောင်နိုင် ရန်နှင့် မြန်မာနိုင်ငံအတွက်လိုအပ်သည့် အကူအညီ အထောက်အပံ့များနှင့် ချေးငွေရယူရေးကိစ္စများကို ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက် နိုင်ရေးအတွက် အဓိကရည်မှန်းဆောင်ရွက်လျက်ရှိသည်။

05/24/2020 - 09:33

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနသည် ၂၀၁၆ ခုနှစ် ဧပြီလ ၆ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေအရ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။

05/23/2020 - 08:53

ပြည်သူတို့ ယုံကြည်စွာ ရွေးကောက်တင်မြှောက်မှုဖြင့် တာဝန်ကျေပွန်လျက်ရှိသည့် ပြည်သူ့အစိုးရသည် စတုတ္ထ (၁) နှစ်တာကို ဖြတ်ကျော် ခဲ့ပြီးဖြစ်ပါသည်။

05/22/2020 - 10:06

ထင်းရှူး၊ ချယ်ရီနှင့် တောင်ဇလပ်တို့ပွင့်ဖူးရာ ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ ကနေဒီတောင် ခေါ် လေသာတောင်သည် နိုင်ငံတကာခရီးသွားများ စိတ်ဝင်တစား လာရောက်လည်ပတ်ရာ နေရာတစ်ခု ဖြစ်သည်။ ကနေဒီတောင်သည် ပင်လယ်ပြင် အမြင့် ၈၈၇၁ ပေမြင့်သဖြင့် ချင်းပြည်နယ်၏ တောင်စွယ်တောင်တန်းများနှင့် ဒေသအလှတို့ကို အကောင်းဆုံးမြင်တွေ့နိုင်သည့် နေရာတစ်ခုအပြင် တောင်ဇလပ်ပန်းများကို အများဆုံးတွေ့မြင် ရပေသည်။ ကနေဒီတောင်အပါအဝင် ချင်းပြည်နယ်သည် ကမ္ဘာလှည့်ခရီးသွားများ၏ စိတ်အာရုံကို ဆွဲဆောင်နိုင်သည့် သဘာဝကိုအခြေခံသော ခရီးသွားဒေသ တစ်ခုဖြစ်လာစေရန် ပြည်နယ်အစိုးရအဖွဲ့က ရည်ရွယ်ဖော်ဆောင်လျက်ရှိသည်။

05/21/2020 - 09:36

ပဒန်မနော၊ ဆွတ်မနော၊ ဂျူမနော၊ ဂွမ်ရမ်မနောနှင့် ရှဒပ်မနော စသည့် မနောပွဲများ ကျင်းပလေ့ ရှိသည့် မနောမြေခေါ် သွေးချင်းတို့မြေ ကချင်ပြည်နယ်သည် ကချင်တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှုဓလေ့များဖြင့် ထုံမွမ်းနေသည်။ ချစ်စဖွယ် ရိုးရာဓလေ့များနှင့်အတူ ဆီးနှင်းရေခဲများ ဖုံးလွှမ်းနေသော မြန်မာနိုင်ငံ၏ အမြင့်ဆုံးတောင်ထိပ်များဖြစ်သည့် ခါကာဘိုရာဇီနှင့် ဂမ်လန်ရာဇီ တောင်တို့ကို ကချင်ပြည်နယ်က ပိုင်ဆိုင်ထားသည်။

05/20/2020 - 09:17

မန္တလေးကို မြန်မာမင်းများလက်ထက်က တမ္ပဒီပတိုင်းဟု ခေါ်ခဲ့ကြသည်။ တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ်စိတ်တို့ ထွန်းပေါက်ဖွား ရာဒေသဟု ပညာရှင် များက သတ်မှတ်ခဲ့ကြသည်။ ကျုံးနှင့် မြို့ရိုး ကာရံထားသော မန္တလေးနန်းတော်ကြီးသည် ကုန်းဘောင်မင်းဆက်၏ ဘုရင်များ စိုးစံခဲ့သောနေရာ ဖြစ်သည်။ မြန်မာနိုင်ငံ၏ အလယ်ဗဟိုတွင် တည်ရှိသကဲ့သို့ မြန်မာ့ ယဉ်ကျေးမှုတို့ စုဝေးရာဒေသဖြစ်သည်။ မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်။ မန္တလေးမြို့သည် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများ၏ အဓိကစီးပွားရေးဗဟိုချက်ဖြစ်သည်။ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့်ချိတ်ဆက်ရန် အချက်အချာနေရာတွင်တည်ရှိပြီး အာရှအမြန်လမ်းများသည် မန္တလေးမြို့မှတစ်ဆင့် ဖြတ်သန်းလျက်ရှိသည်။

05/19/2020 - 09:23

ဘားအံမြို့၏ တောင်ဘက် ၇ မိုင်ခန့်အကွာတွင် တည်ရှိသည့် ဇွဲကပင်တောင်သည် နိုင်ငံတကာခရီးသွားများ စိတ်ဝင်တစားလာရောက်လေ့လာ လည်ပတ်ရာနေရာတစ်ခုဖြစ်သည်။ ဇွဲကပင်တောင် သည် ပင်လယ်ရေမျက်နှာပြင်အထက် ၂၃၇၂ ပေမြင့်ပြီး ကရင်ပြည်နယ်၏ အမှတ်အသားတစ်ခုဖြစ်သည်။ ဇွဲကပင်တောင်သို့ တက်ရန်နှင့် ဆင်းရန်အတွက် ခလောက်နို့ကျေးရွာဝင်ပေါက်နှင့် လုမ္ဗိနီဥယျာဉ်ဝင်ပေါက်ဟူ၍ရှိပြီး လုမ္ဗိနီဥယျာဉ်ဝင်ပေါက်သည် သံလွင်တံတားနှင့် နီးသော ကြောင့် ခရီးသွားအများဆုံးဝင်ရောက်လေ့ရှိသည်။

05/16/2020 - 09:30

နေရောင်ခြည်စွမ်းအင်ကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ကာ မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်၍ အိမ်ထောင်စုပေါင်း ၂၁၀၀၀၀ ခန့်ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မည့် မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံသည် မကွေးတိုင်းဒေသကြီးအတွင်း ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။ မင်းဘူးနေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ ဖွင့်လှစ်နိုင်ခဲ့ခြင်းသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်နိုင်ခဲ့မှုတစ်ခုဖြစ်သည်။

05/15/2020 - 08:56

Pages