အသိပေးကြေညာချက်

Thu, 03/29/2018 - 11:40 -- admin

၂၀၁၇ ခုနှစ် ၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကို ရန်ကုန်မြို့ ၊ မင်းဓမ္မလမ်းရှိ Myanmar Event Park ၌ ၂၀၁၈ ခုနှစ် ၊ မတ်လ (၂၃) ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် အကောင်းဆုံးတေးဂီတဆု ရရှိခဲ့သည့် စန္ဒရား(ဦး)တင်ဝင်းလှိုင် အနေဖြင့် ကျေးဇူးတင်စကား ပြောကြား ခဲ့ရာတွင် လည်းကောင်း၊ အကယ်ဒမီပွဲပြီးနောက်ပိုင်း မီဒီယာအချို့နှင့် ပြောကြားသော စကားများတွင် လည်းကောင်း ပြန်ကြားရေးဝန်ကြီးဌာန ၊ မြန်မာ့အသံနှင့်ရုပ်မြင် သံကြားနှင့်ပတ်သက်၍ မမှန်မကန် စွပ်စွဲပုတ်ခတ်ပြောဆိုမှုများအပြင် ပုဂ္ဂိုလ်ရေး ပုတ်ခတ် တိုက်ခိုက် ပြောဆိုမှုများ ပါဝင်နေပြီး ယင်းတို့ကို အွန်လိုင်းအပါအဝင် မီဒီယာများ၌ ရေးသားဖော်ပြလျက်ရှိရာ ယင်းအချက်များသည် မမှန်ကန်ကြောင်း ပြည်သူတို့သိရှိနိုင်ရေးအတွက် ဤအသိပေးကြေညာချက် အားထုတ်ပြန်ရခြင်းဖြစ်ပါသည်။

စန္ဒရား(ဦး)တင်ဝင်းလှိုင်၏ မမှန်မကန် ပုတ်ခတ် တိုက်ခိုက် ပြောဆိုမှုများအနက် အဓိက ကျသော အချက်များကို အောက်ပါအတိုင်း ထုတ်နုတ်ရှင်းလင်းဖော်ပြအပ်ပါသည်-

(က) “၎င်း၏ ခြေခြေမြစ်မြစ်နှစ်နှစ်ကာကာ အစီအစဉ် မလွှင့်နိုင်သည်မှာ (၁)နှစ်ရှိပြီ” ဟု ပြောကြားချက်မှာ လုံးဝမှန်ကန်ခြင်းမရှိပါ။ ယင်းအစီအစဉ်ကို အပတ်စဉ် အင်္ဂါနေ့ ညနေတိုင်း၌ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ထုတ်လွှင့်လျက်ရှိခဲ့ရာ အပိုင်း (၁၅၂)ကို ၂၀၁၈ ခုနှစ် ၊ မတ်လ(၂၀)ရက်နေ့တွင် နောက်ဆုံးထုတ်လွှင့်ခဲ့ပါသည်။ အသစ်ထပ်မံ ရိုက်ကူးနိုင်ရေးအတွက်လည်း ကာယကံရှင်၏မိသားစုနှင့်၂၀၁၇ခုနှစ်၊ ဇွန်လမှစ၍ ၂၀၁၈ ခုနှစ်၊ မတ်လ(၂၂) ရက်နေ့အထိ ကာလများအတွင်း အကြိမ်ကြိမ် ဆက်သွယ်ခဲ့ရာ ၎င်း၏သမီးဖြစ်သူက (ဦး)တင်ဝင်းလှိုင် မျက်စိခွဲစိတ်ရန်ရှိခြင်း ၊ ရုပ်ရှင်ကားကြီးများတွင် တေးဂီတတီးခတ်နေရခြင်း စသည်တို့ကြောင့်ဟု ဆိုကာ အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ပြီး အကယ်ဒမီပွဲကြီးပြီးမှသာ ရိုက်ကူးနိုင်ရေး ဆက်သွယ် မည်ဟု ပြန်ကြားခဲ့ကြောင်း သိရှိရပါသည်။

( ခ) “RCA စက် ၊ အသုံးပြုသည့်အပ် တစ်ခုမှ မရှိတော့” ဟူသော ပြောကြားချက်မှာ လုံးဝမှန်ကန်ခြင်းမရှိပါ။ မြန်မာ့အသံ၌ နှစ်ပေါင်း (၇၀)ကျော်က စတင် သုံးစွဲခဲ့သော စက်ဖြစ်ပြီး မူရင်းကုမ္ပဏီမှလည်း စက်အပိုပစ္စည်း ထုတ်လုပ်ခြင်းမရှိတော့ပါ။ သို့သော်လည်း ပြန်လည်ပြင်ဆင်ထားမှုအရ ၂၀၁၇ ခုနှစ်တွင် စက် (၁)လုံး ပြန်လည် ကောင်းမွန်လာပြီး အသုံးပြုသည့် အပ်ကိုလည်း ရှာဖွေပြုပြင်ပြီး သုံးစွဲနိုင်ခဲ့ပြီးဖြစ် ပါသည်။ ယင်းအပြင် ဓာတ်ပြားနှင့်အသံသွင်းတိပ်များထဲမှ သီချင်းများ ပျောက်ပျက် မသွားစေရေးအတွက် ခေတ်မီစက်များအသုံးပြု၍ ဒီဂျစ်တယ်စနစ်ဖြင့် ကူးယူ ထိန်းသိမ်းလျက်ရှိရာ ယနေ့အထိ မဟာဂီတ၊ ခေတ်ဟောင်း၊ နှောင်းခေတ်ကာလပေါ် တေးသီချင်းနှင့် အငြိမ့်၊ ဇာတ်သဘင် ဆက်စပ်အစီအစဉ်များ စုစုပေါင်းပုဒ်ရေ (၁၂၃,၁၄၈)ကျော် ကူးယူနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ဆက်လက်၍လည်း ဒီဂျစ်တယ် မှတ်တမ်းအဖြစ် ကူးယူထိန်းသိမ်းလျက်ရှိပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှင့်လျက်ရှိသော ရုပ်မြင်သံကြားနှင့်ရေဒီယို အစီအစဉ်များတွင် ပုံမှန်ထုတ်လွှင့် ပေးလျက်ရှိပါသည်။ သို့ဖြစ်ရာ “ဗမာ့အသံမြေကြီး ထဲမြုပ်သွားတော့မယ်” ဟူသော ပြောကြားချက်မှာ လုံးဝမှန်ကန်ခြင်းမရှိပါ။

( ဂ) “သီချင်းခွေကူးရာတွင် ပိုက်ဆံအရမ်းပေးရတယ်၊ ရေအရမ်းလျှံရတယ်၊ ပိုက်ဆံ မပေးရင်လူအဟောင်း တွေနဲ့ ဘယ်ဝန်ကြီးဌာနမှာမှမရဘူး၊ ပိုက်ဆံပေးရတာချည်းပဲ” ဟူသောပြောကြားချက်မှာ အဖွဲ့အစည်းတစ်ခုကိုသာမက နိုင်ငံတော်အစိုးရ တစ်ရပ်လုံး၏ ဝန်ကြီးဌာနများကို သိမ်းကျုံးပုတ်ခတ် စွပ်စွဲပြောကြားချက်ဖြစ်နေ ပါသည်။ အကယ်၍ပိုက်ဆံပေးရသည်ဆိုပါက သက်ဆိုင်ရာဝန်ကြီးဌာန (သို့မဟုတ်) အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင် အပါအဝင် အထက်အဖွဲ့အစည်း အဆင့် ဆင့်ကို တိုင်ကြားနိုင်ပါ သည်။ တိုင်ကြားမှုများကိုလည်း စိစစ်ပြီး လိုအပ်သလို အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ယေဘုယျဆန်သော စွပ်စွဲချက်ဖြင့် အဖွဲ့အစည်းများ ၊ ဝန်ကြီးဌာနများ အားလုံးကို အခြေအမြစ်မရှိ ပုတ်ခတ် စွပ်စွဲ ပြောဆိုခြင်းမျိုးကို လုံးဝလက်ခံနိုင်မည်မဟုတ်ပါ။

(ဃ) စန္ဒရား (ဦး) တင်ဝင်းလှိုင်မှ “ပြည်ထောင်စုဝန်ကြီးနား ကပ်လို့မရဘူး” ဟူသော ပြောကြားချက်မှာ လုံးဝမှန်ကန်ခြင်းမရှိပါ။ ၎င်းအနေဖြင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တစ်ဆင့် ဖြစ်စေ၊ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံးသို့ ဖြစ်စေ၊ ပြန်ကြားရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနတစ်ခုခုမှ ဖြစ်စေ ၊ အခြား အဖွဲ့အစည်းများမှတစ်ဆင့် ဖြစ်စေ ၊ ပြန်ကြားရေးဝန်ကြီးဌာနရှိ အရာထမ်း အမှုထမ်း တစ်ဦးဦးမှ ဖြစ်စေ ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံနိုင်ရေးအတွက် စာဖြင့်သော် လည်းကောင်း၊ နှုတ်ဖြင့်သော်လည်းကောင်း၊ တယ်လီဖုန်းဖြင့်သော် လည်းကောင်း၊ အီးမေးလ်ဖြင့် သော်လည်းကောင်း ၊ ကိုယ်တိုင်လာရောက်၍သော်လည်းကောင်း ဆက်သွယ်ပြောဆိုခြင်းလုံးဝမရှိခဲ့ပါ။ ဝန်ကြီးဌာနမှ တာဝန်ရှိသူများအနေဖြင့်လည်း တွေ့ဆုံမှုကို ပိတ်ပင်ခဲ့ခြင်း၊ တားဆီးခဲ့ခြင်း၊ မျက်ကွယ်ပြုခဲ့ခြင်းလုံးဝမရှိ ပါကြောင်း အထောက်အထားများအရ သိရှိရပါသည်။

( င) ၎င်း၏ပြန်ပြောကြားချက်များတွင် လူပုဂ္ဂိုလ်ဆိုင်ရာ စော်ကားမှုအပြင် တပ်မတော်မှ နယ်ဘက်သို့ လွှဲပြောင်း အမှုထမ်းဆောင်နေသော ပုဂ္ဂိုလ်များနှင့်ပတ်သက်၍လည်း မတရားစွပ်စွဲပြောဆိုမှုများ ပြုလုပ်ခဲ့သည်မှာ လုံးဝသင့်လျော်မှု မရှိပါ။ ၎င်းဝန်ထမ်း များသည် နိုင်ငံ့ဝန်ထမ်းဥပဒေ ၊ နည်းဥပဒေများနှင့်အညီ တာဝန်ထမ်းဆောင်ခြင်း မရှိပါကမထမ်းဆောင်သည့်သူများကိုအမည်နှင့်တကွတိကျစွာဖော်ထုတ်၍တိုင်ကြား နိုင်ပါသည်။ ထိုသို့ ယေဘုယျဆန်သော စွပ်စွဲချက်ဖြင့် နယ်ဘက်တာဝန် လွှဲပြောင်း ထမ်းဆောင်သူ တပ်မတော်သားအားလုံးကို ပုတ်ခတ်စွပ်စွဲပြောဆိုခြင်းသည် အခြေ အမြစ်မရှိသည့် ပြောကြားချက်များ သာ ဖြစ်ပါသည်။

ထိုသို့ စန္ဒရား(ဦး)တင်ဝင်းလှိုင်၏ မမှန်မကန် စွပ်စွဲ ပုတ်ခတ် ပြောကြားမှုများနှင့် ထိုပြောကြားမှုများအပေါ် အခြေခံ၍ လူမှုကွန်ရက်အပါအဝင် မီဒီယာများတွင် ထပ်ဆင့်စွပ်စွဲ ပြောကြားမှုများ ၊ မှန်ကန်မှုမရှိသည့် အကြောင်းအရာများကို ထပ်ဆင့်ဖော်ပြနေမှုများနှင့် ပတ်သက်၍ ပြည်သူအများ ထင်ယောင်ထင်မှားမဖြစ်စေရေးအတွက် ဖြစ်စဉ်အမှန်ကို သက်ဆိုင်ရာ အဖွဲ့အစည်းမှ အိတ်ဖွင့်ပေးစာရေးသားခြင်း ၊ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခြင်း ၊ သက်ဆိုင်ရာနယ်ပယ် အသီးသီးမှပုဂ္ဂိုလ်များအား တွေ့ဆုံမေးမြန်းခြင်းများဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ထို့အပြင် ၎င်း၏ မမှန်မကန်ပြောကြားခဲ့မှုများ ၊ ယင်းပြောကြားခဲ့မှုများအပေါ် အခြေခံ၍ မမှန်မကန် ထပ်ဆင့်စွပ်စွဲချက်များကို လုပ်ဆောင်နေကြသည့် သက်ဆိုင်သူပုဂ္ဂိုလ်များအား တည်ဆဲ ဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်နှင့်သတင်းထုတ်ပြန်ရေးအဖွဲ့

၂၆-၃-၂၀၁၈