ဝန်ကြီးဌာနကြေညာချက်များ

05/28/2020 - 09:51

၂၇ - ၅ - ၂၀၂၀ ရက်နေ့၊ ( ၁၃:၀၀ )နာရီ အချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာန ၊ ဝန်ကြီးရုံး စုဝေးခန်းမ၌ ကျင်းပပြု လုပ်သော ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန မှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် | အတွင်း ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ရိုက်နှိပ်ရန်နှင့် အခြားပုံနှိပ်လုပ်ငန်းများ၊ အရည်အသွေးမြင့်ပုံနှိပ်လုပ်ငန်း တို့အတွက် လိုအပ်သော စက္ကူ၊ မင် နှင့် ပုံနှိပ်ရေးပစ္စည်း ဝယ်ယူရန် ကုန်ကြမ်းပစ္စည်းများဝယ်ယူရေးနှင့် စိစစ်ရေးကော်မတီ မှ ဈေးနှုန်းစိစစ်ခဲ့ရာ တင်ဒါအောင်မြင်ခဲ့သော အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါဈေးနှုန်း နှင့် အရေအတွက် တို့ဖြင့် တင်ဒါ အောင်မြင်ကြောင်း ကြေညာအပ်ပါသည်-

04/30/2020 - 10:14

- မြန်မာနိုင်ငံတွင် မုန်တိုင်းအဖြစ်များသောကာလမှာ မိုးဦးကာလနှင့် မိုးနှောင်းကာလတို့ ဖြစ်ရာ ယခု COVID-19 ကူးစက်ရောဂါဖြစ်ပွားနေချိန်တွင် ရာသီကာလအလိုက် ဖြစ်ပွား တတ်သည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်မှုများကို ပိုမိုသတိပြု ဆောင်ရွက်ရန်လည်း လိုအပ်ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ကူးစက်ရောဂါ ဖြစ်ပွားစဉ်ကာလတွင် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ စီမံခန့်ခွဲဆောင်ရွက်ရာ၌ COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ အစီအမံများကိုလည်း ပေါင်းစပ် ထည့်သွင်းပြီး ကြိုတင်စီစဉ် ဆောင်ရွက်လျက် ရှိပါသည်။

04/30/2020 - 09:03

COVID-19 ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ရာတွင် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ်မှာ ပြည်သူ လူထု၏ဝိုင်းဝန်းပူးပေါင်း ကူညီစောင့်ရှောက်ပေးမှု ဖြင့် သတ်မှတ်နေရာ အဆောက်အဦများတွင် ထားရှိပြီး အသွားအလာ ကန့်သတ်ခြင်းအစီအစဉ် (Community Based Facility Quarantine) ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

04/03/2020 - 20:22

၁။     ယနေ့ ၁၃:၅၅ နာရီအချိန်ခန့်တွင် ၂၃၀ ကေဗွီ မြောင်းတကာ-လှိုင်သာယာ ဓာတ်အားလိုင်း ယာယီ အပြစ်ဖြစ်၍ တစ်နိုင်ငံလုံးသို့ ဖြန့်ဝေထားရှိသော နိုင်ငံတော်ဓာတ်အားစနစ်တစ်ခုလုံး (၃၅) မိနစ်ခန့် ဓာတ်အား ပြတ်တောက်ခဲ့ပါသည်။

04/01/2020 - 17:23

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း၊ သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ(၂၅−၃−၂၀၂၀)

03/24/2020 - 15:43

ပရိဘောဂပစ္စည်း (၅)မျိုးအတွက် တင်ဒါယှဉ်ပြိုင်သည့်ကုမ္ပဏီမှ တင်သွင်းသည့် စျေးနှုန်းမှာ ကိုက်ညီမှု မရှိပါသဖြင့် ကျန်ပရိဘောဂပစ္စည်း (၈)မျိုးနှင့် ရေသယ်ယာဉ် (၁)စီးအတွက် အောက်ပါအတိုင်း ပစ္စည်းအမျိုးအစား အလိုက် ယှဉ်တွဲပါ လုပ်ငန်းရှင်များက တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည်

03/24/2020 - 14:54

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ၂၄-၃-၂၀၂၀ ရက်နေ့ ၊ (၁၀:၀၀) နာရီ အချိန်တွင် သာမန်အသုံးစရိတ်ဖြင့် ကာလာမင် (၃) ရောင်ဝယ်ယူရန် စျေးနှုန်းစိစစ်ခဲ့ရာ တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီမှ ယှဉ်တွဲပါ စျေးနှုန်းနှင့် အရေအတွက်ဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည်။

03/14/2020 - 05:50

၁။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)အနေဖြင့် ကမ္ဘာ့နိုင်ငံအများစုတွင် ဖြစ်ပေါ်နေသည့် Corona Virus (Covid-19)အား ကမ္ဘာ့ ကပ်ရောဂါ(Pandemic)အဖြစ် သတ်မှတ်ကြေညာခဲ့သဖြင့် ပြည်သူလူထုအနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ၊ ကာကွယ်မှု များနှင့် စားနပ်ရိက္ခာအသုံးအဆောင်များ ဝယ်ယူစုဆောင်းမှုများကို ပြုလုပ်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။ ။

03/14/2020 - 05:49

၁။ ယခု သီတင်းပတ်များအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်သည့် သတင်းမှားများ၊ လုပ်ကြံ သတင်းများ ဆိုရှယ် မီဒီယာနှင့် ဝက်ဘ်ဆိုက်များတွင် ထွက်ပေါ်လျက်ရှိပါသည်။ လူထုသတင်းမှန် ရရှိရေးနှင့် အထက်ပါသတင်းမှားများ၊ လုပ်ကြံ သတင်းများအား ရှင်းလင်းတုံ့ပြန်ရေးတွင် တာဝန်ခံမှုရှိသော တရားဝင် သတင်းမီဒီယာများအနေဖြင့် ဝိုင်းဝန်းပါဝင်လုပ်ဆောင် ကြရန် ဝတ္တရားရှိပါသည်။ သို့ရာတွင် အချို့သော သတင်း ဌာနက သတင်းဦးမှုကိုသာ ဦးစားပေးပြီး သတင်းမီဒီယာကျင့်ဝတ်ပါ အချက်အလက် တိကျမှန်ကန်မှုကို လျစ်လျူရှုကာ COVID-19 နှင့်ပတ်သက်သည့် အတည်မပြုနိုင်သေးသောသတင်းများ ဖော်ပြခဲ့ကြသည်ကို လေ့လာ တွေ့ရှိရပါသည်။

Pages