ကြေညာချက်

Post date: 05/28/2020 - 09:51

၂၇ - ၅ - ၂၀၂၀ ရက်နေ့၊ ( ၁၃:၀၀ )နာရီ အချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာန ၊ ဝန်ကြီးရုံး စုဝေးခန်းမ၌ ကျင်းပပြု လုပ်သော ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန မှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် | အတွင်း ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ရိုက်နှိပ်ရန်နှင့် အခြားပုံနှိပ်လုပ်ငန်းများ၊ အရည်အသွေးမြင့်ပုံနှိပ်လုပ်ငန်း တို့အတွက် လိုအပ်သော စက္ကူ၊ မင် နှင့် ပုံနှိပ်ရေးပစ္စည်း ဝယ်ယူရန် ကုန်ကြမ်းပစ္စည်းများဝယ်ယူရေးနှင့် စိစစ်ရေးကော်မတီ မှ ဈေးနှုန်းစိစစ်ခဲ့ရာ တင်ဒါအောင်မြင်ခဲ့သော အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါဈေးနှုန်း နှင့် အရေအတွက် တို့ဖြင့် တင်ဒါ အောင်မြင်ကြောင်း ကြေညာအပ်ပါသည်-

Post date: 05/25/2020 - 16:12

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
သတင်းထုတ်ပြန်ချက်အမှတ်၊ ၂၀ / ၂၀၂၀

Post date: 05/19/2020 - 18:54

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဉီးစီးဌာန၏ (၁၉-၅-၂၀၂၀) နေ့ (၁၄:၀၀) အချိန် ထုတ်ပြန် သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း သတင်းအမှတ်စဉ် (၂၀/၂၀၂၀) အရ လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနမှ လေ့လာဆန်းစစ် တွေ့ရှိချက်များအရလည်းကောင်း အဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန် (AMPHAN) ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိဘဲ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ့်နိုင်ငံ ကမ်းခြေဒေသများကို ဖြတ်ကျော် ဝင်ရောက်နိုင်ကြောင်း သိရှိရသည်။

Post date: 05/19/2020 - 09:06

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
သတင်းထုတ်ပြန်ချက်အမှတ်၊ ၁၉ / ၂၀၂၀

Post date: 05/15/2020 - 08:04

အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ကြိုတင်ကာကွယ်နိုင်ရေးအတွက် အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရန် အမိန့်ကြေညာစာ

၁။ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဌာနအဖွဲ့ အစည်းများ၊ လုပ်ငန်းရှင်များနှင့် အများပြည်သူများအနေဖြင့် လူစုလူဝေးဖြင့် ကျင်းပပြုလုပ် ရမည့် အခမ်းအနားများ၊ ပွဲလမ်းသဘင်များ မပြုလုပ်ရန်၊ ရုပ်ရှင်ရုံများ၊ ဘော်ဒါဆောင်များ၊ မူကြိုကျောင်းများ ဖွင့်လှစ်ခြင်းမပြုလုပ်ရန်အတွက် နေပြည်တော်ကောင်စီ၏ (၂၆-၄-၂၀၂၀) ရက်စွဲပါ အမိန့်အမှတ်(၄၀/၂၀၂၀)ဖြင့် ထုတ်ပြန်ထားသော အမိန့်ကြေညာစာသည် ၂၀၂၀ ပြည့်နှစ်၊ မေလ (၁၅) ရက်နေ့အထိ အတည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။

Post date: 05/15/2020 - 07:52

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

Post date: 05/15/2020 - 07:35

၁။ နိုင်ငံတော်အတွင်း၌ ပြည်သူများအနေဖြင့် ဒစ်ဂျစ်တယ်ပုံစံတစ်မျိုးမျိုးဖြင့်ရှိနေသည့် ငွေကြေး(Digital Currency) များအား သုံးစွဲခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်းတို့ကြောင့် ပေါ်ပေါက်လာမည့် ငွေကြေးဆုံးရှုံးမှုအန္တရာယ်ကို ကာကွယ်တားဆီးနိုင်ရန်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ဤအမိန့်ကြော်ငြာစာအား ထုတ်ပြန်လိုက်သည်။

Post date: 05/15/2020 - 06:07

Coronavirus Disease 2019 (COVID-19)  ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို ဆက်လက် ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများမှ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၅ ရက်နေ့အထိ ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များအား ၂၀၂၀ ပြည့်နှစ်၊ မေလ ၃၁ ရက်နေ့အထိ ရက်တိုးမြှင့် သတ်မှတ်ဆောင်ရွက်ထားပါကြောင်း အသိပေးကြေညာအပ်ပါသည်။

Post date: 04/30/2020 - 10:14

- မြန်မာနိုင်ငံတွင် မုန်တိုင်းအဖြစ်များသောကာလမှာ မိုးဦးကာလနှင့် မိုးနှောင်းကာလတို့ ဖြစ်ရာ ယခု COVID-19 ကူးစက်ရောဂါဖြစ်ပွားနေချိန်တွင် ရာသီကာလအလိုက် ဖြစ်ပွား တတ်သည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်မှုများကို ပိုမိုသတိပြု ဆောင်ရွက်ရန်လည်း လိုအပ်ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ကူးစက်ရောဂါ ဖြစ်ပွားစဉ်ကာလတွင် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ စီမံခန့်ခွဲဆောင်ရွက်ရာ၌ COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ အစီအမံများကိုလည်း ပေါင်းစပ် ထည့်သွင်းပြီး ကြိုတင်စီစဉ် ဆောင်ရွက်လျက် ရှိပါသည်။

Pages