မိုင်းဖြတ်မြို့နယ်တွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော တည်ထောင်ခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်

Tue, 12/26/2017 - 14:59 -- admin

မိုင်းဖြတ် ၊ ဒီဇင်ဘာ ၂၆

ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခြင်းဖြင့် ဒေသခံပြည် သူများ၏ လူမှုစီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက် မှုအခြေအနေကို သိရှိစေရန် တာချီလိတ်ခရိုင်နှင့် မိုင်းဖြတ်မြို့နယ် သစ်တောဦးစီး ဌာနတို့မှ ကြီးမှူးဖွင့် လှစ်သည့် “ဒေသ ခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခြင်း ဆိုင်ရာ သင်တန်း” ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၆ရက် နံနက် ၉နာရီ က မိုင်းဖြတ်မြို့နယ် သစ်တောဦးစီး ဌာနမှူးရုံး၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် တာချီလိတ်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးလွင်က သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျောက်က သစ်တောများ စိမ်းလန်းစိုပြေမှုအတွက် ပြန်လည်ထိန်းသိမ်းဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ အမှာစကားပြောကြား သည်။ ဆက်လက်၍ မိုင်းဖြတ်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောတင်မြင့်နှင့် တာဝန်ရှိ သူများက သင်တန်းကို သင်ကြားပို့ချခဲ့သည်။

အဆိုပါသင်တန်းကို တာချီလိတ်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုး လွင်၊ ဦးစီးအရာရှိ ဦးအောင်စိုးတင့်၊ မိုင်းဖြတ်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောတင်မြင့်နှင့် တာဝန်ရှိသူများက မြန်မာသစ်တောမှုဝါဒနှင့် သစ်တောများမှပေးသော အကျိုး ကျေးဇူးများ၊ သစ်တောစိုက်ခင်းနှင့် ပျိုးဥယျာဉ် တည်ထောင်ခြင်း၊ သစ်နှင့်သစ်တောထွက် ပစ္စည်းများ ထုတ်လုပ်ခြင်း၊ သဘာဝတော ထိန်းသိမ်းခြင်း၊ စသည့် ဘာသာရပ်များကို ၂၀၁၇ခုနှစ် ဒီဇင်ဘာ ၂၆ရက်မှ ၃ဝရက်အထိ ၅ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်းမြို့နယ်များရှိ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော တည်ထောင်ထားသည့် ကျေးရွာ များမှ သင်တန်းသား (၂၀)ဦးတို့တက်ရောက်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

Featured news : 
0
News Photo: 
Choice_news_types: