နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖြေလျှော့ပေးမှုများနှင့်ပတ်သက်၍ စည်းကမ်းလိုက်နာခြင်း၊ စည်းကမ်းထိန်းသိမ်းခြင်းအားဖြင့် covid ကို အနိုင်ရရေးအတွက် ဆက်ပြီး ကူညီကြပါလို့ မေတ္တာရပ်ခံပါကြောင်း သတင်းစကားပါး
Post date: Thu, 05/28/2020 - 21:39

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခုဖြေလျှော့ပေးမှုများသည် စည်းကမ်းလိုက်နာခြင်းအားဖြင့် covid ကာကွယ်ရေးကို ဖေးမပေးခြင်း၏ အကျိုးဖြစ်တာ ကြောင့် covid ကို အနိုင်ရရေးအတွက် စည်းကမ်းထိန်းသိမ်းခြင်းအားဖြင့်ဆက်ပြီး ကူညီကြပါလို့ မေတ္တာရပ်ခံပါကြောင်း ၎င်း၏ဖေ့စ်ဘွတ်စာမျက်နှာမှ ယနေ့တွင် သတင်းစကားပါး ရေးသားထားသည်။

ကိုဗစ်-၁၉ ကာလအတွင်း စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ Quarantine ပြုလုပ်ထားသည့် အာမခံအလုပ်သမားများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လူမှုဖူလုံရေးအဖွဲ့မှ မကျန်းမာမှု အကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်း ခွင့်ပြုထုတ်ပေး
Post date: Thu, 05/28/2020 - 21:09

စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ၊ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိရာ လူမှုဖူလုံရေးအဖွဲ့သည် ကိုဗစ်-၁၉ ကာလအတွင်း Quarantine ပြုလုပ်ထားသူ အာမခံအလုပ်သမားများအား အသွားအလာကန့်သတ်၊ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း (Quarantine) ကာလကို မကျန်းမာမှုဆေးခွင့်အဖြစ်သတ်မှတ်၍ လည်းကောင်း၊ အာမခံအလုပ်သမားကိုယ်ဝန် ဆောင်မိခင်များအား တစ်ကြိမ်လျှင် (၈)ပတ်မှ အများဆုံး(၂၆) ပတ်အထိ မကျန်းမာမှုဆေးခွင့်အဖြစ် သတ်မှတ်ပေးကာ ထည့်ဝင်ကြေးလစာ၏ ၆၀ ရာခိုင်နှုန်း အား ငွေကြေးအကျိုးခံစားခွင့်အဖြစ် ထုတ်ပေးရန်အတွက် ညွှန်ကြားချက်ထုတ်ပြန်၍ စိစစ် ခွင့်ပြုပေးလျက်ရှိသည်။

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး လုပ်ငန်းကော်မတီ ဆဋ္ဌမအကြိမ် အစည်းအဝေး Online Meeting ဖြင့် ကျင်းပ
Post date: Thu, 05/28/2020 - 21:01

လက်နက်ကိုင် ပဋိပက္ခအတွင်းကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး လုပ်ငန်းကော်မတီ ဆဋ္ဌမအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် Online Meeting ဖြင့်  ကျင်းပသည်။

တိုင်းဒေသကြီး/ပြည်နယ်အချို့တို့တွင် လေပြင်းများတိုက်ခတ်၊ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိ
Post date: Thu, 05/28/2020 - 20:49

မြန်မာနိုင်ငံတွင် ယခုကာလအတွင်း၌ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပွားလျက်ရှိရာ မေ ၂၇ ရက်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိ မြို့နယ်၌ နေအိမ်(၂)လုံး အမိုးအကာလန် ပျက်စီးခြင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦး၊ သာယာဝတီ နှင့် နတ္တလင်းမြို့နယ်တို့၌ နေအိမ်(၆၁)လုံး အမိုးအကာလန်ပျက်စီးခြင်း၊ မကွေးတိုင်း ဒေသကြီး၊ ချောက်၊ မကွေး၊ မြို့သစ်၊ ရေနံချောင်း၊ နတ်မောက်၊ မင်းဘူးနှင့် စလင်းမြို့နယ်တို့၌ နေအိမ်(၁၂) လုံးပြိုကျပျက်စီးပြီး နေအိမ်(၁၃၁) လုံးနှင့် ဘာသာရေး အဆောက်အဦ(၅)လုံး အမိုးအကာ လန်ပျက်စီးခြင်း၊  မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်း၊ ပျော်ဘွယ်၊ တောင်သာနှင့် မြင်းခြံ မြို့နယ်တို့၌ နေအိမ်(၁)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၁၇)လုံး အမိုးအကာလန်ပျက်စီးခြင်း တို့ဖြစ်ပွားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ရုံးများမှ ထောက်ပံ့မှုများ အမြန်ဆုံးသွားရောက်ဆောင်ရွက်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကမျက်မမြင် ကျောင်းများအား ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ထောက်ပံ့ကြေးပေးအပ်
Post date: Thu, 05/28/2020 - 20:42

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဆောင်ရွက်လျက်ရှိသည့် မသန်စွမ်းသူတစ်ဦးချင်းစီ၏ လိုအပ်ချက် တို့ကို ထည့်သွင်းစဉ်းစားဆောင်ရွက်နိုင်ရေးစီမံချက်အရ မသန်စွမ်းသူများအတွက် ကိုဗစ်-၁၉ အသိပညာပေးခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ခြင်း၊ ငွေကြေးထောက်ပံ့ ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
Post date: Thu, 05/28/2020 - 20:03

၁။ (၂၈-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် -

1
2
3
4
5
6
7

IPRD News

NPE News

PPD News

နိုင်ငံတော် အကြီးအကဲများ၏ မိန့်ခွန်းများ

နိုင်ငံတော်သမ္မတဦးဝင်းမြင့် က(၄၆) နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

“ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပရေးနာယကအဖွဲ့နှင့် ဦးစီး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး” ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ “သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပရေး ဦးစီးကော်မတီ နာယကအဖွဲ့” ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ သမ္မတရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။

Subscribe to Front page feed