မြန်မာ့အလင်း

တိရစ္ဆာန်များမှစတင်ကာ လူများသို့ ကူးစက်ဖြစ်ပွားသည့် ကူးစက်မြန် ကပ်ရောဂါများသည် ဘီစီ ၆ ရာစုဝန်းကျင်ကာလ ရှေးခေတ်အိန္ဒိယနိုင်ငံ၌ ဖြစ်ပွားခဲ့ပုံများကို ပိဋကတ်တော်၌ ဖော်ပြခဲ့သည်များရှိသည်။ ဗုဒ္ဓဘုရားရှင်လက်ထက် ရာဇဂြိုဟ် ပြည်၌ ဖြစ်ပွားခဲ့သည့် “အဟိဝါတ” ခေါ်ကူးစက်မြန်ပြင်းထန်ကပ်ရောဂါဆိုလျှင် လွန်စွာကြောက်မက်ဖွယ် ကောင်းလှသည်။

Post date: 05/28/2020 - 02:50

တခြားနိုင်ငံတွေက ခြေလှမ်းတစ်လှမ်း လှမ်းလျှင် မိမိတို့က ခြေလှမ်းလေး၊ ငါး၊ ဆယ်လှမ်း လှမ်းလိုက်နိုင်မှ နောင် ၁၀ နှစ်၊ အနှစ် ၂၀တွင် တန်းတူညီတူဖြစ်သွားမည်ဟု လွန်ခဲ့သည့်နှစ်ပေါင်း ၇၀ ကျော် ကာလတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက မိန့်ကြားခဲ့သည်။ ဤသို့ရလဒ်မျိုးရရှိရန်အတွက် သူများ လမ်းလျှောက်နေချိန်တွင် မိမိတို့ကသူ့ထက်လေးငါးဆယ် ဆမြန်သောနှုန်းရအောင် ပြေးရမှာဖြစ်သည်။ သူ့ထက် လေးငါး ဆယ်ဆသာသော အားထုတ်မှုဖြင့် ကြိုးပမ်းရမည် ဖြစ်သည်။

Post date: 05/27/2020 - 06:17

မျက်မှောက်ကမ္ဘာကြီးသည် မျှော်လင့်မထားခဲ့သော အပြောင်းအလဲ ကာလတစ်ခုဆီသို့ ရောက်ရှိနေသည်။ ကပ်ရောဂါ၏ ဖိစီးထားမှုကြောင့် ကမ္ဘာ့နိုင်ငံတိုင်းမှာ သူ့အထွာနှင့်သူ ဆိုသလို ထိခိုက်ခံစား နေကြရသည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ် လာသည့် ကူးစက်မြန် ကပ်ရောဂါက လူတို့၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်ရုံသာမက လူတို့၏ဓနဥစ္စာနှင့် စားဝတ်နေရေးတို့ကိုပါ ကိုင်လှုပ်နေပြီဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ အနာဂတ်သည် မှုန်ဝါး မှိုင်းဝေလျက်။

Post date: 05/26/2020 - 04:59

မေလ ၂၄ ရက်နေ့၊ ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၂၀၁ ဦး ရှိသည်။ စောင့်ကြည့်လူနာ အသစ်များ တိုးလာမှု၊ ရောဂါဓာတ်ခွဲအတည်ပြုလူနာ အရေအတွက်၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သည့်အရေအတွက် စသည်တို့၏ ကိန်းဂဏန်းများကို ကြည့်ခြင်းအားဖြင့် မိမိတို့နိုင်ငံ၏ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်မှု အခြေအနေနှင့် အလားအလာတို့ကို မှန်းဆနိုင်သည်။ နိုင်ငံတကာသတင်းအချို့တွင် တွေ့ရှိဖတ်ရှု ရသလို ကျန်းမာရေးစနစ် ပြိုလဲသွားပြီး ကူးစက်မြန်ကပ်ရောဂါကို ဒူးထောက်အရှုံးပေးလိုက်ရသည့် အဖြစ်မျိုးနှင့် လွန်စွာဝေးလှ ပါသည်ဟူ၍ ဆိုလိုချင်သည့်တိုင်အောင် မမေ့မလျော့ မပေါ့ဆဘဲ သတိစွဲမြဲစွာဖြင့် ကိုဗစ်-၁၉ ကို ဆက်လက်တွန်းလှန်ကြရန်သာ မြန်မာ့အလင်းက တိုက်တွန်းလိုသည်။

Post date: 05/25/2020 - 05:23

ယမန်နှစ် ဒီဇင်ဘာလအတွင်း ကိုရိုနာဗိုင်းရပ်စ် စတင်ပေါ်ပေါက်လာ ပြီးနောက် ကမ္ဘာ့ကပ်ရောဂါအဖြစ် ကူးစက်ပျံ့နှံ့သွားခဲ့ချိန်မှစ၍ ကမ္ဘာ မြေ၏လည်ပတ်မှု တုံ့ဆိုင်းနှေးကွေးသွားခဲ့သည်ဟု တင်စား နိုင်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ရာခန့်ကာလအတွင်း စက်မှုတော်လှန်ရေးတို့ တစ်ဆင့်ပြီးတစ်ဆင့် ဆင်နွှဲနိုင်ခဲ့ခြင်းနှင့်အတူ လူသားတို့က သဘာဝတရားကြီးကို အံတုဘက်ပြိုင်ကာ သတ္တလောက၏ ထိပ်ဆုံးနေရာကို ပြိုင်ဘက်မရှိ ရယူထားပြီး မြေပြင် ပေါ်မှာသာမက သမုဒ္ဒရာရေပြင်နှင့် အာကာသ ကောင်းကင်တို့ကိုပါ လွှမ်းမိုးထားခဲ့သည်။ လူသားတို့၏ အလွန်အကျွံထုတ်ယူမှု၊ အလွန်အကျွံ သုံးစွဲမှုတို့မှ ထွက်ပေါ်လာသည့် အကြီးမားဆုံးသော ဘေးထွက်ဆိုးကျိုးမှာ မြေကမ္ဘာ၏ ကျန်းမာရေးချို့ယွင်းလာ ခြင်း သို့မဟုတ် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာခြင်းပင် ဖြစ်သည်။

Post date: 05/24/2020 - 06:12

မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား ဆိုသည့် ၊ အဆိုအမိန့်သည် လူ့လောကအတွက် အလွန်ပင် သင့်မြတ်လှသော ဩဝါဒဟု ဆိုချင်သည်။ “ကောင်းတာလုပ်ကြစို့၊ မကောင်းတာ မလုပ် ကြစို့နှင့်၊ မိမိတို့၏စိတ်ကို ဖြူဖြူစင်စင်ဖြစ်အောင် မွေးမြူနေထိုင်ပါ” ဟုဆိုလျှင် ယေဘုယျအားဖြင့် အားလုံး သဘောတူကြမည်ထင်သည်။ မကောင်းမှုဆို သည်များကိုသာ

Post date: 05/23/2020 - 05:41

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း - တပ်ဆင်ရေး အသိပညာပေးမှုများ အနယ်နယ်အရပ်ရပ်၌ ပြုလုပ်နေကြရသည်။ အချို့က နှာခေါင်းစည်းတပ်ဆင်ရေး ကမ်ပိန်းပြုလုပ်သည်။ အချို့က အခမဲ့ဝေငှလှူဒါန်းကြသည်။ မည်မျှပင် ပညာပေးပေး အလေးဂရု မပြုသူများကိုမူ “ခုဝယ်၊ ခုတပ်” အစီအစဉ်ဖြင့် တွန်းတွန်း တိုက်တိုက် လုပ်ကြသည်ကိုလည်း တွေ့ရသည်။ အခမဲ့ဝေငှသည် ဆိုလျှင် တန်ဖိုးမထားသူတို့ ရှိကြခြင်းကြောင့် ချက်ချင်းဝယ်ယူကာ ချက်ချင်းတပ်ဆင်စေသည့် သဘောဖြစ်သည်။ အချို့ဒေသများတွင် ပြင်ပ၌ နှာခေါင်းစည်းမတပ်ဘဲ သွားလာသူများကို ကျပ် ၅၀၀၀ ခန့် ဒဏ်ငွေဆောင်စေသည်ကိုလည်း သတင်းများအရ သိရသည်။

Post date: 05/22/2020 - 06:00

နည်းပညာခေတ်တွင် ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာအဖြစ်သို့ ရောက်ရှိလာသည်ဟု ဆိုကြသည်။ ဆယ်စုနှစ် အနည်းငယ်အတွင်း လူတိုင်း လက်လှမ်းတမီ ဖြစ်လာသည့် သတင်းအချက်အလက် နည်းပညာနှင့် လူမှုကွန်ရက်တို့၏ အကျိုးဆက်အဖြစ် လူများအကြားတွင် အချိန်နှင့်အကွာအဝေးတို့ များစွာကျုံ့သွားစေခဲ့ပြီး လူမှုဆက်ဆံရေးနယ်ပယ်အတွက် အကျိုးရလဒ်များစွာ ဖြစ်ထွန်းပေါ်ပေါက်စေခဲ့သည်။

Post date: 05/21/2020 - 06:17

နယ်စပ်ဒေသမြို့များတွင် မူးယစ်ဆေးဝါးများအမြောက်အမြား ပမာဏကြီးမားစွာ ဖမ်းမိမှု သတင်းများ၊ မြို့နယ်/ရပ်ကွက်၊ ကျေးရွာ များတွင် မူးယစ်ဆေးဝါး သုံးစွဲ/ဖြန့်ဖြူးရောင်းချသူ ပေါများနေကြောင်း နိုင်ငံတော်သမ္မတရုံး၏ မူးယစ်ဆေးဝါးအထူးသတင်း တိုင်ကြားရေးဌာနသို့ သတင်းပေးပို့တိုင်ကြားချက်များက မိမိတို့နိုင်ငံကို မူးယစ်ဆေးဝါး ကင်းစင်သောနိုင်ငံအဖြစ်သို့ ရောက်ရှိစေရန် မဆုတ်မနစ် ဆက်လက်ကြိုးပမ်း သွားရဦးမည်ဆိုသည့် အနက်အဓိပ္ပာယ်ပင် ဖြစ်သည်။

Post date: 05/20/2020 - 06:34

ကိုဗစ်-၁၉ သည် ကမ္ဘာမြေပေါ်မှ အပြီးတိုင်ထွက်ခွာသွားမည့်ရောဂါမဟုတ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ကမကြာမီကသတိပေးခဲ့သည်။ မာယာပရိယာယ်များလှသည့် ကပ်ရောဂါသည် လူ့အသိုင်းအဝိုင်းထဲမှာ ကိုယ်ယောင်ဖျောက် ကာ ခိုအောင်းနေရင်း အခါအခွင့်သင့်သည့်အချိန်မှာ ရုတ်တရက်ပေါ်လာပြီး တိုက်ခိုက် သတ်ဖြတ်မှုတို့ ပြုလိမ့်မည်။ တောမီးသဖွယ် ကူးစက်မြန်သည့် ကပ်ရောဂါသည် မီးစတစ်စလွင့်စဉ်ကျ လာသည်နှင့်ပတ်ဝန်းကျင်ရှိလောင်စရာမှန်သမျှကို ကူးစက်လောင်ကျွမ်းသလို ကူးစက်ပျံ့နှံ့ စေလိမ့်မည်။ သို့ရာတွင် တောမီးက မံသစက္ခုဖြင့်မြင်နိုင်သော်လည်း ကိုဗစ်-၁၉ ကမူ ကူး၍ကူးမှန်းမသိရ။

Post date: 05/19/2020 - 06:00

Pages