ဒုတိယသမ္မတ ဦးမြင့်ဆွေ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ညှိနှိုင်းကွပ်ကဲ ရေးမှူးနှင့် ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ဖန်းဖန်ဟွေ အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇွန်   ၁
ဒုတိယသမ္မတ ဦးမြင့်ဆွေသည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ညှိနှိုင်း ကွပ်ကဲရေးမှူးနှင့် ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ဖန်းဖန်ဟွေနှင့်  အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန် ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် လုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့်ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံ တော်၏ ပြည်တွင်းငြိမ်းချမ်းရေးကဏ္ဍဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြ သည်။
တွေ့ဆုံပွဲသို့  နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။