နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံ အမျိုးသားစွမ်းအင်အုပ်ချုပ်မှုဌာန ဒုတိယအုပ်ချုပ်ရေးမှူးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ်၏ အကြံပေးပုဂ္ဂိုလ်တို့အား လက်ခံတွေ့ဆုံ

နေပြည်တော် မတ် ၉
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် ၃ နိုင်ငံအကြား လျှပ်စစ်ဓာတ်အား ကုန်သွယ်ရေးအတွက် ဝန်ကြီးအဆင့်ဆွေးနွေးပွဲသို့ တက်ရောက် လာကြသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားစွမ်းအင်အုပ်ချုပ်မှုဌာန၊ ဒုတိယ အုပ်ချုပ်ရေးမှူး Mr. Li Fanrong ခေါင်းဆောင်သော  တွေ့ဆုံဆွေးနွေးပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဝင်းခ်ိုင်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်တို့ တက်ရောက်ခဲ့ကြပြီး တွေ့ဆုံစဉ် မြန်မာ- တရုတ်- ဘင်္ဂလားဒေ့ရှ် ၃ နိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များ တိုးမြှင့်နိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)