ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းမြင့်မားရေးတွင် အမျိုးသမီးခေါင်းဆောင် များ၏ အခန်းကဏ္ဍ ဆွေးနွေးပွဲ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ၏ဇနီး တက်ရောက်အမှာ စကားပြောကြား

နေပြည်တော် မေ ၁၄

“ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းမြင့်မားရေးတွင် အမျိုးသမီးခေါင်းဆောင် များ၏ အခန်း ကဏ္ဍ ” ဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပရာဒုတိယ သမ္မတဦးဟင်နရီဗန်ထီးယူ၏ ဇနီး ဒေါက်တာရွှေလွှမ်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ဆွေးနွေးပွဲသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စုဝန်ကြီးများ၏ဇနီးများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း၊ မြန်မာန်ိုင်ငံသူနာပြုနှင့် သားဖွားအသင်း၊ မြန်မာအမျိုးသမီးစွမ်းဆောင်ရှင်များ အသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများတက် ရောက်ကြသည်။

ရှေးဦးစွာ ဒေါက်တာရွှေလွှမ်းက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ဆွေးနွေးပွဲ သည် ရပ်ရွာလူထုအတွက်ဘေး ဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း မြင့်မားရေးတွင် ပါဝင်ကြမည့် အမျိုးသမီးခေါင်းဆောင်များ၏အခန်းကဏ္ဍကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ဦးဆောင်ကျင်းပသည့် ဆွေးနွေးပွဲဖြစ်ပါကြောင်း။

အသင်းသည်နိုင်ငံတော်၏ တစ်ခုတည်းသော အမျိုးသားကြက်ခြေနီအသင်းဖြစ်ပြီး နိုင်ငံတော်အစိုးရ၏ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥပဒေအရ လူသားချင်းစာနာ ထောက်ထားမှုနယ်ပယ်တွင် နိုင်ငံတော်၏ အရန်အင်အားဖြစ်ပါ ကြောင်း၊ ထို့ကြောင့်လူသားအချင်းချင်း အပြန်အလှန်ချစ်ကြည် ရင်းနှီး မှုနှင့်နားလည်မှု တိုးတက်ရရှိစေရေး၊ ငြိမ်းချမ်းသာယာမှုတိုး တက် ခိုင်မြဲစေရေးတို့အတွက် ရည်ရွယ်ပြီး နိုင်ငံ အတွင်းသာမ ကနိုင်ငံပြင်ပအထိ အကူအညီလိုအပ်နေ သည့်မည်သူ့ကိုမဆို ကိုးကွယ် သည့်ဘာသာ၊ အသားအရောင်၊ အဆင့်အတန်း၊ ဆင်းရဲချမ်းသာ၊ ဘာသာ စကား၊ နိုင်ငံရေးအယူဝါဒ၊ အမျိုးသား၊ အမျိုးသမီးခွဲခြားခြင်းမရှိဘဲ ကူညီစောင့်ရှောက် ပေးလျက်ရှိသည်ကို တွေ့ရပါကြောင်း။

ထိုသို့ ကူညီစောင့်ရှောက်မှုပေးရာ၌အထူးသဖြင့် ဘေးအန္တရာယ်အခြေအနေ အမျိုးမျိုးတွင် ကြုံတွေ့ရသည့်အမျိုးသမီးများ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုများကို ပြန်လည်ကူညီပံ့ပိုးပေးသည့်အပြင် လူမှုပတ်ဝန်းကျင်တွင်ကိုယ်ပိုင် စွမ်းဆောင်ရည်များ ပိုမိုတိုးမြှင့်လာစေရန်အတွက် အမျိုးသမီးများ၏အခန်းကဏ္ဍကို အထူးအလေးပေးပြီး ကျား - မ တန်းတူအခွင့်အရေးရရှိနိုင်ရေးအတွက် ဆောင်ရွက် လျက်ရှိပါကြောင်း။

အမျိုးသမီးများကို အမျိုးသားများနှင့်တန်းတူအခွင့်အရေး ရရှိနိုင်ရန်အတွက် အသင်းအနေဖြင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီ အသင်းများဖက်ဒရေး ရှင်း (IFRC)၏ ကျား-မရေးရာနှင့်ကွဲပြားခြားနားမှုကွန်ရက် (Gender and Diversity Network) အဖွဲ့ဝင်အဖြစ်ဝင်ရောက်ထားခြင်းကြောင့် အတွေ့အကြုံများစွာ ရရှိခဲ့ပါ ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ နယ်ပယ်အားလုံးတွင်လည်း အမျိုးသမီးများ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက် လာစေရေး အတွက်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအ ဆင့်မဟာဗျူဟာ စီမံကိန်း (၂၀၁၃-၂၀၂၂) တွင်ပါရှိသည့် မြန်မာနိုင်ငံရှိ အမျိုးသမီးများအားလုံးသည် သက်ဆိုင်ရာအစိုးရ၏ ပံ့ပိုးမှုဖြင့်စွမ်းဆောင်ရည်များ မြင့်မားလာပြီး၎င်းတို့၏အခွင့် အရေး ရပိုင်ခွင့်များကိုအသိအမှတ်ပြုလက်ခံနိုင်ရေး၊ အပြည့်အဝခံစားရရှိနိုင်စေရေး၊ ကျား-မတန်းတူညီမျှရေးနှင့် အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးစသည့်အချက် များနှင့် အတူစဉ်ဆက်မပြတ်ဖွံဖြိုးမှုပန်းတိုင် (Sustainable Development Goals) ၏အမှတ်စဉ် (၅) ဖြစ်သည့် Gender Equality ကျား-မတန်းတူညီမှုရရှိစေရန်နှင့် အမျိုးသမီးများအားလုံး၏ စွမ်းပကားများကိုတိုးမြှင့်စေရေးစသည့် လမ်းညွန်ချက်များ အပေါ်အခြေခံ၍ မြန်မာအမျိုးသမီးများအနေဖြင့် ကျား - မတန်းတူပူးပေါင်းပါဝင်လာ စေရေး အတွက်ကျား - မရေးရာနှင့်ကွဲပြားခြားနားခြင်းမူဝါဒ (Gender and Diversity Policy) ကို၂၀၁၇ခုနှစ်တွင်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း။

ထိုမူဝါဒအတိုင်း ဘေးအန္တရာယ်ကျရောက်သူများ၏ ဘဝပိုမိုလုံခြုံစေရေးကို ဖြည့်ဆည်းပေးနိုင်ရန် အခြေအနေအမျိုးမျိုးတွင် အမျိုးသမီးများ၏လိုအပ်ချက်များ အပေါ် သီးခြားကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခြင်း၊ကြက်ခြေနီ လူမှုကရုဏာ လုပ်ငန်းများ တွင်အမျိုးသမီးများ၏အခန်းကဏ္ဍကို ဘာသာရေး၊ ဓလေ့ထုံးစံနှင့် ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးထားမှုများအပေါ် အလေးထားပြီးထည့်သွင်းဆောင်ရွက် ပေးခြင်း၊ အမျိုးသမီးများ၏ လိုအပ်ချက်နှင့်ကိုက်ညီသောအသိပညာ၊ ကျွမ်းကျင်မှုရရှိ နိုင်သည့် အခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့အပြင် အမျိုးသမီးများ၏ လိင်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေမှုများ လျော့ကျ နိုင်ရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ထိုသို့ဆောင်ရွက်ရာတွင် IFRC ၏ အနိမ့်ဆုံးစံသတ်မှတ်ချက် DAPS မူဘောင် ဖြစ်သည့်အကျိုးခံစားခွင့်ရှိသူတစ်ဦးချင်းစီ၏ ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားခြင်း (Dignity)၊ ကူညီထောက်ပံ့မှုများကို ခွဲခြားဆက်ဆံမှုမရှိပဲတန်း တူညီသောလက်လှမ်းမီ ရရှိနိုင်မှု (Access)၊ ဆုံးဖြတ်ချက်ချမှတ်ခြင်း လုပ်ငန်းစဉ်များတွင် အပြည့်အဝအတူ တကွ ပါဝင်မှု (Participation) ၊ ၎င်းတို့အတွက်ကဏ္ဍအလိုက် ဘေးကင်းလုံခြုံမှု (Safety) စသည့်အချက်များပေါ်တွင်မူတည်ပြီး ဆောင်ရွက်ပေး ခဲ့ပါကြောင်း။ ထို့ပြင် ကိုယ်ဝန် ဆောင်မိခင်များနှင့်ကလေးများ အတွက် ထောက်ပံ့မှုပေးခြင်း၊ ရပ်ရွာလူထု အတွင်း မိခင်များအဖွဲ့ကိုဖွဲ့စည်းပြီး ကျန်းမာရေးအသိပညာဟောပြောပွဲ များတွင် ပါဝင်ဟောပြောစေခြင်း၊ ရပ်ရွာကျန်းမာရေးနှင့် သဘာ၀ဘေး အန္တရာယ်ဆိုင်ရာ ကော်မတီများတွင် အမျိုးသမီးများပါဝင်ဦးဆောင်ခွင့်ကို အစဉ်ပေးထားပါကြောင်း။

အသင်းအနေဖြင့် နိုင်ငံတစ်ဝန်းရှိ ရပ်ရွာလူထု(၅)သန်းအတွက် ပိုမိုကျန်းမာလုံခြုံစေပြီး ဘေးအန္တရာယ်ကျရောက် လွယ်မှုလျော့ပါးစေခြင်းဖြင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းကို မြှင့်တင်ပေးရန်ရည်ရွယ်ပြီး ၂၀၁၉ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ “ဘေးဒဏ် ကြံ့ကြံ့ခံနိုင်စွမ်း မြင့်မားရေးအစီအစဉ်” ကို လူထုကိုယ်တိုင် ပါဝင်ပြီး မိတ်ဖက်အဖွဲ့ အစည်းများနှင့်လက်တွဲ ညီညီဖြင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သည်ကို တွေ့ရပါကြောင်း။

လူမှုကရုဏာကဏ္ဍ အစီအစဉ်များတွင် အမျိုးသမီးများအနေဖြင့် အရှိန်အဟုန်မြှင့် ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်စေရေးအတွက် ယခုဆွေးနွေးပွဲကိုကျင်းပရခြင်းဖြစ်ပြီး ဆွေးနွေးပွဲမှတစ်ဆင့်ပိုမို ထိရောက် အောင်မြင်စွာဆောင်ရွက်နိုင် မည့်အကြံ ဉာဏ်များနှင့် ပူးပေါင်းပါဝင်နိုင်မည့် နည်းလမ်းများရရှိစေခြင်းဖြင့် ကြံ့ကြံ့ခံနိုင်စွမ်းရှိ သည့် ရပ်ရွာလူထုများ ဖြစ်လာစေရန် မျှော်မှန်းထားရှိပါကြောင်း။

အထူးသဖြင့် ရပ်ရွာလူထုကိုမိမိနားလည်ထားသည့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း အပေါ်တွင် ပြန်လည်နား လည်မျှဝေပေးခြင်းနှင့် လူထုအတွက်အမှန် တကယ်လိုအပ် သည့်လုပ် ငန်းပိုင်းဆိုင်ရာ၊ နည်းပညာရပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်းများ ကို နည်းပညာအကူအညီဖြစ်စေ၊ ဘဏ္ဍာရေးပိုင်းဆိုင်ရာအကူအညီ ဖြစ်စေ၊ လူသား အရင်း အမြစ်အကူအညီဖြစ်စေ၊ မိမိတို့၏အတွေးအခေါ်အယူအဆများဖြင့် အမျိုးသမီးများ၏ အခန်းကဏ္ဍမှဦးဆောင်ပြီး ပူးပေါင်းအကောင် အထည် ဖော်ဆောင်ရွက် ရမည်ဖြစ်သကဲ့သို့ အမျိုးသမီးများ ပိုမိုပါဝင်လာစေရန် စည်းရုံးခြင်းဖြင့် ၎င်းတို့၏ အခန်း ကဏ္ဍများကို မြှင့်တင်ပေးရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ဒေါက်တာရွှေလွှမ်းအား မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူက အမှတ်တရ လက်ဆောင်ပေးအပ်ပြီး စုပေါင်းမှတ်တမ်း တင်ဓါတ်ပုံ ရိုက်သည်။

ထို့နောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူက ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းမြင့်မားရေးတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ရေးနှင့် အချိန်ပြည့်အလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ ဒေါ်အမယာမော်နိုင်က နိုင်ငံအဝန်းဆောင်ရွက်နေသော ကြက်ခြေနီလူမှုကရုဏာ လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ကျန်းမာရေးကဏ္ဍ၊ ပူးပေါင်းဆောင်ရွက်ခြင်းတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ ၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အမျိုးသမီး များ၏ အခန်းကဏ္ဍ၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ချေလျော့ချခြင်းတွင် အမျိုးသမီးများ၏အခန်းကဏ္ဍ၊ အားလုံးအကျုံးဝင် ပူးပေါင်းပါဝင်ခြင်းတွင် အမျိုးသမီး များ၏အခန်းကဏ္ဍ စသည့်ခေါင်းစဉ်များပါဝင်သည့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းမြင့်မားရေး တွင် အမျိုးသမီးခေါင်းဆောင်များ ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်ရေး စကားဝိုင်း ဆွေးနွေးပွဲ ကိုကျင်းပရာ အငြိမ်းစားပါမောက္ခချုပ် ဒေါက်တာဒေါ်ခင်မေအုန်းက ဦးဆောင်ကာ မြန်မာနိုင်ငံဆရာဝန် အသင်း၊ အမျိုးသမိးဆရာဝန်များအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်လှကြင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာ ဒေါ်စန်းစန်းအေး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေး မှုးချုပ် ဦးသန်း ထွဋ်ဆွေ၊ အောင်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်တို့က ပါဝင်ဆွေးနွေးခဲ့ကြ သည်။

(သတင်းစဉ်)