နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နော်ဝေနိုင်ငံ ဝန်ကြီးချုပ်ဟောင်းနှင့် Oslo Center for Peace, Democracy and Human Rights ၏ဥက္ကဋ္ဌနှင့် မွန်ဂိုလီးယားနိုင်ငံ သမ္မတဟောင်းတို့အား လက်ခံတွေ့ဆုံ

နေပြည်တော် မေ ၁၄

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် နော်ဝေနိုင်ငံ ဝန်ကြီးချုပ်ဟောင်းနှင့် Oslo Center for Peace, Democracy and Human Rights ၏ ဥက္ကဋ္ဌ Mr. Kjell Magne Bondevik နှင့် မွန်ဂိုလီးယားနိုင်ငံ၊ သမ္မတဟောင်း Mr. Elbegdorj Tsakhia တို့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကိစ္စ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက် ရေးနှင့် မြှင့်တင်ရေးကိစ္စနှင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာအစိုးရမှ ဆောင်ရွက်နေသည့်ကိစ္စများကို ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြသည်။ 

(သတင်းစဉ်)ေ