စန္ဒရားတင်ဝင်းလှိုင်သို့ အိတ်ဖွင့်ပေးစာ

သို့

ဆရာ စန္ဒရားတင်ဝင်းလှိုင်ခင်ဗျား

၁။ ၂၃-၃-၂၀၁၈ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ Myanmar Event Park မှာ ပြုလုပ်တဲ့ ၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးအပ်ပွဲ အခမ်းအနားမှာ ကျေးဇူးတင်စကားပြောကြားစဉ် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား(MRTV) နဲ့ ပတ်သက်ပြီး ထည့်သွင်းပြောကြားခဲ့တဲ့အချက်တွေနဲ့ ပတ်သက်လို့ အခြေအနေမှန်ကို သိစေချင်လို့ အခုလို စာရေးသားလိုက်ရခြင်းဖြစ်ပါတယ်။

၂။ ဆရာပြောတဲ့အထဲက ဗမာသံ မြေကြီးထဲ မြုပ်မသွားအောင် ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော် တို့ MRTV က လုပ်နေတာတွေ အများကြီး ရှိပါတယ်။ ဆရာသတိမထားမိလို့ဖြစ်မှာပါ။ အဲဒီအထဲက အကျဉ်းလောက် ထုတ်နုတ်ပြောပြရရင် ရေဒီယိုမှာဆိုရင် ၁၉၄၆ ခုနှစ် ဗမာ့အသံဆိုပြီး စတင်ထုတ်လွှင့် ကတည်းက မြန်မာ့အနုသုခုမဆိုင်ရာများနဲ့ မြန်မာသံတေး သီချင်းတွေကို စဉ်ဆက်မပြတ် ထုတ်လွှင့် လျက်ရှိပြီး မဟာဂီတ သီချင်းကြီးအစီအစဉ်၊ မြန်မာ့ဇာတ်သဘင်၊ တစ်ခေတ်တစ်ခါက အနှစ်သာရ၊ ဗုဒ္ဓဝင်ဇာတ်တော်ကြီးများ၊ ဇာတ်သဘင်အဖွဲ့ဖျော်ဖြေခန်းများ၊ ဆိုင်းအဖွဲ့ဖျော်ဖြေခန်းများ၊ မြန်မာ့ဓလေ့ တေးသံများ၊ သီချင်းကြီး သရုပ်ဖော်၊ မြန်မာတို့ရဲ့ တေးအစမဟာဂီတ၊ မြန်မာ့အနုသဘင်၊ ဂီတသမား ဂီတစကား၊ ခံစားနားဆင် မြန်မာတေးသံစဉ်၊ မြတ်နိုးစရာကျေးရွာ တေးကဗျာ၊ သူ့ခေတ်သူ့အခါ တေးကမ္ဘာ၊ ရေဒီယိုမူရင်း ရွှေသီချင်းကြေးမုံ စတဲ့ အစီအစဉ်တွေကို တစိုက်မတ်မတ် တစ်နိုင်ငံလုံးကို ထုတ်လွှင့်ပေးနေပါတယ်။

ရုပ်မြင်သံကြားမှာဆိုရင်လည်း ၁၉၈၀ ပြည့်နှစ်က ရောင်စုံရုပ်မြင်သံကြားအစီအစဉ်တွေ စတင်ထုတ်လွှင့်ချိန်မှစပြီး မြန်မာသံ မြန်မာ့ယဉ်ကျေးမှုအနုလက်ရာများနဲ့ ပတ်သက်တဲ့အစီအစဉ် တွေကို ထုတ်လွင့်ပေးလျက်ရှိရာမှာ ဆို၊ က၊ ရေး၊ တီး သီချင်းကြီး၊ ဇာတ်တော်ကြီး၊ ဇာတ်ပြောကွက်စိပ်၊ ရုပ်သေးတင်ဆက် ဖျော်ဖြေမှု၊ မှတ်သားစရာ ပြည်သူ့နီတိကျင့်ဝတ်များ၊ (၃၈) ဖြာ မင်္ဂလာ၊ ပန်းဆယ်မျိုး၊ အနုပညာအစီ အစဉ်များ၊ ဂန္တဝင်ခေတ်ဟောင်းတေးများ၊ ဂီတသမား ဂီတစကား၊ နေမဝင်အလှများ၊ ကာလပေါ် တေးများ၊ အနုပညာခန်းရိပ်သာ၊ သုခုမအငြိမ့်သဘင်၊ ၁၂ လရာသီ အငြိမ့်သဘင်၊ မြန်မာ့အသံ ခေတ်ပေါ်တေးဂီတ၊ မှတ်မှတ်ထင်ထင်မြန်မာ့ရုပ်ရှင်၊ သမိုင်းကို ဖော်ပြ နေသော ဝါကျများ အပြင် ဆရာ ကိုယ်တိုင်ပါဝင်တဲ့ ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ အစီအစဉ်တွေကို အစဉ်တစိုက် ကြိုးစားဆောင်ရွက်ထုတ်လွင့်လျက်ရှိပါတယ်။ ဆရာစိုးရိမ်သလို ဗမာသံမြေကြီးထဲ မြုပ်မသွားအောင် ဌာနက ဆောင်ရွက်နေတာလေးသိအောင် အကျဉ်းမျှ ပြောပြတာပါ။

၃။ နောက်တစ်ခုက ဆရာပြောသွားတဲ့ RCA ဆိုတဲ့ ဓာတ်ပြားအကြီးကြီးတွေ ဖွင့်တဲ့စက်၊ တိတ် ခွေဖွင့်တဲ့စက် နှစ်ခုမရှိတာ၊ ရေအိုးတွေပဲ တင်ထားတာ ဆယ်စုနှစ်ကျော်သွားပါပြီဆိုတာနဲ့ ပတ်သက် လို့ ပြောပြရရင် ဓာတ်ပြားအကြီး (၁၆ လက်မအရွယ်)ကိုဖွင့်တဲ့ RCA စက်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်ကတည်းက မြန်မာ့အသံမှာ သုံးခဲ့တဲ့စက်ဖြစ်ပါတယ်။ စက်နဲ့ ပတ်သက်တဲ့အပိုပစ္စည်းကို မူရင်း ကုမ္ပဏီက လုံး၀ မထုတ်တော့ပါဘူး။ ဒါပေမယ့် မိမိတို့ဌာန ဝန်ထမ်းတွေနဲ့ ပြင်ပပညာရှင်တွေ ပူးပေါင်းပြီး ပြုပြင်ထားတာ ရှိတဲ့စက်နှစ်လုံးမှာ ၂၀၁၇ ခုနှစ်ကတည်းက တစ်လုံးပြန်ကောင်းနေပါပြီ။ အဲဒီစက်မှာသုံးတဲ့ အပ်ကိုလည်း မူရင်းမရပေမယ့် သုံးလို့ရတဲ့အပ်ကို ရှာဖွေထားတာ ထိုက်သင့်သ လောက် ရှိပြီး အသုံးပြုနေပါပြီ။ ဒါ့အပြင် ကျန်တဲ့ဓာတ်ပြားဆိုဒ် အသေးမျိုးစုံ ( ၇ လက်မ၊ ၁၀ လက်မ၊ ၁၂ လက်မ) ကို ကူးတဲ့ စက်ဆိုရင်လည်း ခေတ်မီတဲ့စက်တွေနဲ့ အစားထိုးပြီး ဓာတ်ပြားတွေကို ကူး ယူပြီး ဒီဂျစ်တယ်စနစ်နဲ့ Archive ပြုလုပ်လျက်ရှိပါတယ်။ မြန်မာ့အသံက ဓာတ်ပြားနဲ့ အသံသွင်း တိတ်များမှ သီချင်းတွေကို ကူးယူပြီး ဒီဂျစ်တယ်မှတ်တမ်းအဖြစ် Archive လုပ်ထားတာမှာ မဟာဂီတ၊ ခေတ်ဟောင်း၊ နှောင်းခေတ်ကာလပေါ် တေးသီချင်းနှင့် အငြိမ့်၊ ဇာတ်သဘင် ဆက်စပ်အစီအစဉ်များ စုစုပေါင်း အပုဒ်ရေ ၁၂၃၁၄၈ ရှိနေပြီဖြစ်ပါတယ်။ ဒီနေ့အထိလည်း နေ့စဉ် ဒီဂျစ်တယ်မှတ်တမ်းအဖြစ် ကူးယူ ထိန်း သိမ်းရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိပါတယ်။

၄။ ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ အစီအစဉ်ကို မလွှင့်နိုင်တာ တစ်နှစ်ရှိပြီလို့ ပြောသွားတာနဲ့ ပတ်သက်ပြီး MRTV အနေနဲ့ ဆရာရဲ့ အစီအစဉ်သစ်များ ရိုက်ကူးမထုတ်လွှင့်နိုင်သေးခင် စပ်ကြားမှာ ယခင်ရိုက်ပြီးသား ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ (ဂီတရိပ်သာ - ၁၉၂) ပိုင်းနဲ့ ၎င်းနဲ့ ဆက်စပ်ဂီတ ရိပ်သာ စတဲ့ အခြားသီချင်းတွေကို စုစည်းတင်ဆက်မှု အစီအစဉ်များအပါအဝင် စုစုပေါင်း အစီအစဉ် ၂၀၉ ခု ရှိပါပြီ။ ဆရာနောက်ဆုံးရိုက်ကူးတဲ့အစီအစဉ်ထုတ်လွှင့်တဲ့ ၃-၇-၂၀၁၇ ရက် (အင်္ဂါနေ့) နောက်ပ်ိုင်းက စတင်လို့ အပတ်စဉ် ယခင်ရိုက်ကူးပြီးအစီအစဉ်တွေကို အင်္ဂါနေ့ ညနေ ၄ နာရီခွဲ အချိန် တိုင်းမှာ ယနေ့အထိ ထုတ်လွှင့်ပြသလျက်ရှိတာကို ဆရာသိလျှက်နဲ့ မလွှင့်န်ို္င်တာ တစ်နှစ်ရှိပြီလို့ ထည့်သွင်းပြောခဲ့၊ ဆိုခဲ့တဲ့အပေါ်မှာ နားမလည်နိုင်ဘဲ ဖြစ်ရပါတယ်။ ယခုနှစ် ကျင်းပခဲ့တဲ့ အကယ်ဒမီပေးပွဲကြီး မကျင်းပမီ သုံးရက်အလို ၂၀-၃-၂၀၁၈ ရက်နေ့ကလည်း ဂီတရိပ်သာအပိုင်း ၁၅၂ ကို ထုတ်လွှင့်ခဲ့ပါသေးတယ်။

ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ အစီအစဉ်သစ်များ ရိုက်ကူးထုတ်လွှင့်ဖို့အတွက် MRTV က ဆရာ့ဆီ အစဉ်တစိုက် ဆက်သွယ်ခဲ့နေခဲ့ပါတယ်။ ၂၇-၆-၂၀၁၇ ရက်နေ့က ဆရာ့သမီးဖြစ်သူနဲ့ အဆက်အသွယ်ရချိန်မှာ ဆရာမျက်စိခွဲစိတ်ကုသဖို့ရှိလို့ တစ်လခန့်ကြာမှာဖြစ်လို့ မရ်ိုက်ဖြစ်သေးကြောင်း ပြောခဲ့ပါတယ်။ ၂၇-၇-၂၀၁၇ ရက်နေ့မှာ ထပ်မံဆက်သွယ်တော့ မျက်စိမခွဲ စိတ်ဖြစ် သေးပေမယ့် ရုပ်ရှင်ကားကြီးအတွက် တေးဂီတများ တီးခတ်ပေးနေရ တယ်၊ ရိုက်ကူးမယ်ဆိုရင် ဆက်သွယ်မယ်လို့ ဆရာ့သမီးက ပြောပါတယ်။ ဒါပေမယ့် ထပ်မံဆက်သွယ် လာခြင်းမရှိလို့ ဌာနက အကြိမ်ကြိမ် ဆက်သွယ်ခဲ့ရာမှာ ၂၂-၃-၂၀၁၈ ရက်နေ့မှာ ဆရာ့သမီးနဲ့ ဖုန်းဆက်သွယ်မှုထပ်မံရရှိပြီး အကယ်ဒမီ ပွဲကြီးပြီးမှ ရိုက်ကူးမယ်လို့ အကြောင်းပြန်ကြားလာပါတယ်။ ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ အစီအစဉ်ကို MRTV မှာ ရိုက်ကူးခဲ့ရာမှာလည်း သီချင်းသုံးပုဒ် ပါအစီအစဉ်တစ်ခုကို ယခင်က ငွေကျပ် တစ်သိန်းသာ ဥာဏ်ပူဇော်ခ ချီးမြှင့်ခဲ့ရာမှ ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး အစီအစဉ်တစ်ခုကို ဥာဏ်ပူဇော်ခ ၄ သိန်း အထိ တိုးမြှင့်ပြီး ချီးမြှင့်ပေးနေပါတယ်။

၅။ နောက်စွပ်စွဲချက်တစ်ခုဖြစ်တဲ့ သီချင်းတွေ ပြန်ကူးတဲ့အခါ ပိုက်ဆံအရမ်းပေးရတယ်၊ ရေအရမ်း လျှံရတယ်ဆိုပြီး စွပ်စွဲပြောဆိုမှုနဲ့ ပတ်သက်လို့ ပြင်ပအနုပညာရှင်များက သီချင်းတွေလာကူးရင် တရားဝင်စာတင်ပြီး ခွင့်ပြုချက်ရပါက ချက်ချင်းကူးပေးပါတယ်။ ခွေကူးခအနေနဲ့လည်း သီချင်း သုံးလေးပုဒ်ပါအစီအစဉ်တစ်ခုကို ငွေကျပ် ၂၀၀၀ ပဲ ပေးသွင်းဖို့ တရားဝင်သတ်မှတ်ထားပါတယ်။ ဌာနအတွက် အစီအစဉ်လာရိုက်ကူးတဲ့သူတွေက သီချင်းကူးယူရင်၊ ဌာနအစီအစဉ်အတွက် သုံးရင် တော့ အခမဲ့ ဆောင်ရွက်ပေးပါတယ်။ ဆရာ့အနေနဲ့ ငွေအများကြီးပေးရတယ်ဆိုရင်လည်း ဘယ် သူ့ကို ဘယ်လောက်၊ ဘာကိစ္စအတွက်၊ ဘယ်တုန်းက ပေးရတယ်ဆိုတာကို အထောက်အထားနဲ့ တိတိကျကျ တိုင်ကြားရင် အရေးယူပေးမှာ ဖြစ်ပါတယ်။

၆။ ဆရာပြောတဲ့အချက်တွေထဲက ဆီးသီးဘန်းမှောက်တယ်ဆိုတာနဲ့၊ ပိုက်ဆံမပေးရင် လူဟောင်း တွေနဲ့ သွားနေတဲ့ ဘယ်ဝန်ကြီးဌာနမှာမှ မရဘူး ၊ ပိုက်ဆံပေးရတာချည်းပဲ ဆိုတဲ့ စကားနဲ့ ပတ်သက်ပြီးတော့ လာဘ်ပေးလာဘ်ယူမှုရှိတယ်ဆိုရင် အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင် အပါအဝင် သက်ဆိုင်ရာဌာနများကို တိတိကျကျ တိုင်ကြားလို့ရပါတယ်။ အဲဒီလိုမတိုင်ကြားဘဲ ဝန်ကြီး ဌာနအားလုံးက ဝန်ထမ်းတွေကို သိမ်းကျုံးပြီး အခုလို စွပ်စွဲပြောဆိုတာကတော့ ဌာနအသီးသီးနဲ့ ဝန်ထမ်းတွေရဲ့ ဂုဏ်သိက္ခာ ထိခိုက်နစ်နာအောင်ပြုလုပ်တယ်ဆိုတာကို ဆရာ့အနေနဲ့ သတိပြုသင့်ပါ တယ်။

၇။ MRTV နဲ့ ပတ်သက်ပြီး အခုလို စွပ်စွဲပြောကြားခဲ့တဲ့အချက်တွေနဲ့ ပတ်သက်လို့ MRTV က တာဝန်ရှိသူတစ်ဦးဦးကို နှုတ်ဖြင့် ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့် ဖြစ်စေ ဆရာဆက်သွယ် မေးမြန်းဆွေးနွေးပြောကြားခဲ့ဖူးခြင်း ရှိပါသလား။ အဲဒီလို ဆက်သွယ်ပြောကြား ခဲ့ပါလျှက်နဲ့ ဌာနဘက် က ဖြေရှင်းဆောင်ရွက်ပေးမှု မရှိခဲ့တာလားဆိုတာကိုလည်း ကွဲကွဲပြားပြား သိလိုပါတယ်။

၈။ ဒီနေ့အချိန်မှာ ဌာနတစ်ခုကိုပဲဖြစ်စေ၊ လူပုဂ္ဂိုလ်တစ်ဦးကိုဖြစ်စေ လွတ်လပ်စွာ ပြောဆိုနိုင်တဲ့ နေရာတွေ၊ လွတ်လပ်စွာ ပြောဆိုနိုင်တဲ့အခွင့်အရေးတွေ၊ အခြားနည်းလမ်းတွေ အများကြီးရှိနေပါလျက် နဲ့ ယခုကဲ့သို့ ရုပ်မြင်သံကြားလိုင်းပေါင်းများစွာမှ တိုက်ရိုက် (Live) ထုတ်လွှင့်နေချိန်မှာ ချင့်ချိန်နိုင်မှု အားနည်းစွာနဲ့ ထင်မြင်ရာ စွပ်စွဲပြောဆိုခဲ့တာဟာ ဆရာရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်နစ်နာမှုဖြစ် စေတယ်လို့ မြင်ပါတယ်။ MRTV မှ ဝန်ထမ်းတွေဟာ ဝန်ထမ်း စည်းမျဉ်းစည်းကမ်း၊ ကျင့်ဝတ်တွေကို အစဉ်တစ်ိုက်လိုက်နာပြီး ကျွမ်းကျင်ရာ လိမ္မာ၊ ဝါသနာ၊ ပညာ၊ စေတနာအရင်းခံပြီး နိုင်ငံနဲ့လူမျိုး အကျိူးအတွက် ပြန်ကြားပေးခြင်း၊ ပညာပေးခြင်း၊ ဖျော်ဖြေပေးခြင်းတို့အပြင် မြန်မာ့ဂီတဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း ဖြည့်စွက် ပြောကြားလိုပါတယ်။

၉။ MRTV နဲ့ ဆရာတို့ဟာ နှစ်ဦးနှစ်ဖက် ဆက်ဆံရေးရှည်လျားခိုင်မာစွာ ရှိလျက်နဲ့ ယခုကဲ့သို့ မဟုတ်မမှန် စွပ်စွဲပြောဆိုခဲ့ခြင်းအပေါ် ပြန်လည်ဖြေရှင်းပေးဖို့ တောင်းဆိုလိုက် ပါတယ်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝန်ထမ်းများ