ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပုံတူပန်းပုရုပ်တု ပေးအပ်လှူဒါန်းပွဲကျင်းပ

နေပြည်တော် မတ် ၂၆

(၇၃)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပုံတူပန်းပုရုပ်တုအား ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် တပ်မတော်စစ်သမိုင်းပြတိုက်၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်လက်ခံရယူသည်။

ရှေးဦးစွာ အလှူရှင်များကိုယ်စား ဦးကျော်ကျော်က ပိတောက်ကျီးပေါင်းသားဖြင့် ထုလုပ်ထားသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပုံတူပန်းပုရုပ်တုအား ပေးအပ်လှူဒါန်း ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ပြန်လည်ပေးအပ်

ထို့နောက် အလှူရှင်များက ပုံတူပန်းပုရုပ်တုအား ပေးအပ်လှူဒါန်းရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က လက်ခံရယူပြီး အလှူရှင်ဦးစောလှအေးနှင့် အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ အထိမ်းအမှတ်တံဆိပ်နှင့် လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။ အဆိုပါရုပ်တုကို မြိုင်ကြီးငူဒေသ မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်အနီး ပေါက်ရောက်လျက်ရှိသည့် နှစ် ၁၀၀ ကျော်သက်တမ်းရှိ ပိတောက်ပင်၏ ကျီးပေါင်းသားဖြင့် ထွင်းထုထားခြင်းဖြစ်ပြီး သစ်အလှူရှင် ဦးစောလှ အေး လှူဒါန်းသည့် ကျီးပေါင်းသားပေါ်တွင် ဦးကျော်ကျော်၏စီစဉ်မှုဖြင့် ပန်းပုဆရာ ဦးရဲရင့်နောင်လတ်က နှစ်လခန့် အချိန်ယူထုဆစ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကျီးပေါင်းပန်းပုရုပ်တုမှာ အလေးချိန်အားဖြင့် တစ်တန် ခန့်ရှိပြီး ကာလတန်ဖိုး ငွေကျပ်သိန်း ၁၀၀၀ ခန့်ရှိကြောင်း သတင်းရရှိသည်။