စာနယ်ဇင်းရှင်းလင်းပွဲသို့ ပြည်တွင်း ပြည်ပ မီဒီယာများ တက်ရောက် သတင်းရယူ နိုင်ရန် ဖိတ်ကြားထား

နေပြည်တော် မတ် ၂၇
ပြန်ကြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့၏ မတ် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သော အသိပေးကြေညာချက်နှင့် စန္ဒရားတင်ဝင်းလှိုင်သို့ အိတ် ဖွင့်ပေးစာတို့နှင့်ပတ်သက်၍ စာနယ်ဇင်း ရှင်းလင်းပွဲကို မတ် ၂၈ ရက် မွန်းလွဲ ၁ နာရီ တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Studio (A) ၌ ပြုလုပ် မည်ဖြစ်ရာ ပြည်တွင်း ၊ ပြည်ပမီဒီယာများ သတင်းရယူနိုင်ရန် ဖိတ်ကြားထား ကြောင်း သိရှိရသည်။