တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သတင်း

Post date: 05/23/2020 - 08:44

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်း တွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

Post date: 05/16/2020 - 08:27

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်သည် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များနှင့်အတူ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ မြို့မိ၊ မြို့ဖများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ယမန်နေ့ မွန်းလွဲပိုင်းတွင် ထားဝယ်လေဆိပ်၌ တွေ့ဆုံကာ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းအထောက်အကူပြုပစ္စည်းများအား ပေးအပ်လှူဒါန်းသည်။

Post date: 05/12/2020 - 10:06

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ် ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့ တပ်မတော်ဆေးရုံ ဇီဝမော်လီ ကျူးဆိုင်ရာ ဓာတ်ခွဲခန်းတွင် ထားရှိ တပ်ဆင်ထားသည့် COVID-19 ရောဂါ ရှာဖွာရေး RT-PCR(Thermocycle ROTOR GENE-6000) စက်တပ်ဆင် ထားရှိမှုနှင့် အသုံးပြုပုံအဆင့်ဆင့် တို့အား လှည့်လည်ကြည့်ရှုပြီး Qua-rantine ထားရှိရန် ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများ အား ကြည့်ရှုစစ်ဆေးသည်။

Post date: 05/08/2020 - 09:57

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက် ပေးနိုင်ရေး ဆဋ္ဌမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) အစည်းအဝေးခန်းမ၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ညှိနှိုင်း ကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြ သည်။

Post date: 04/17/2020 - 12:34

မိဘပြည်သူများနဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး နှစ်သစ်အခါသမယမှာ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံပါစေလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျာ။ ၁၃၈၁ ခုနှစ်ကို ကျော်လွန်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ မိဘပြည်သူများ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအနေနဲ့ ဖြတ်သန်းခဲ့တဲ့ဖြစ်စဉ် ပေါင်းများစွာထဲမှာ အောင်မြင်တာတွေရှိသလို စိန်ခေါ်မှုတွေလည်း ရှိကြပါတယ်။ နှစ်ကုန်ခါနီးမှာတော့ မမျှော်လင့်ဘဲနဲ့ Coronavirus (COVID-19) ရောဂါ ပြဿနာတစ်ခု ကျွန်တော်တို့ ကြုံတွေ့ခဲ့ရပါတယ်။ ဒီရောဂါကပ်ဘေးကြီးကိုတော့ မိဘပြည်သူ များနဲ့ ပူးပေါင်းဆောင်ရွက်မှုကနေပြီး ကျော်လွှားနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ မိဘပြည်သူများရဲ့ စည်းကမ်းတကျ နေထိုင် လုပ်ဆောင်မှုဟာ ဒီကပ်ဘေးကျော်လွန်မှုအတွက် အထောက်အကူရလိမ့်မယ်လို့ ကျွန်တော်ယုံကြည် ပါတယ်။

Post date: 04/10/2020 - 10:13

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ နှင့် ပတ်သက်၍ ပြည်သူများနှင့် တပ်မတော်သားများ၊ မိသားစုဝင်များ အတွက် ကာကွယ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေး နိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

Post date: 04/01/2020 - 11:04

ကမ္ဘာ့ကပ်ရောဂါ COVID-19 နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ပြည်သူများနှင့် တပ်မတော် သားများ၊ မိသားစုဝင်များအတွက် ကာကွယ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

Post date: 03/24/2020 - 08:33

COVID-19 ရောဂါကုသရေးအထောက်အကူပြု ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသ ကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် အရိုးရောဂါ အထူးကုဆေးရုံကြီး၌ ကျင်းပသည်။

Post date: 03/13/2020 - 08:50

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန် - မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Hideo Watanabe နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌လက်ခံတွေ့ဆုံသည်။

Post date: 01/29/2020 - 22:16

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် Air Chief Marshal Maanat Wongwat အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

Pages