နိုင်ငံတော်သမ္မတသတင်း

Post date: 05/28/2020 - 07:33

၂၀၂၀ ပြည့်နှစ် မေလ ၂၈ ရက်နေ့တွင် ကျရောက်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံတို့အကြား သံတမန်ဆက်သွယ်မှုထူထောင်သည့် (၄၅) နှစ်မြောက် အခါသမယတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဗီယက်နမ်နိုင်ငံ သမ္မတ မစ္စတာ ငုယင်ဖူးကျောင့် တို့သည် လည်းကောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖု တို့သည်လည်းကောင်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးအပြန်အလှန်ပေးပို့ခဲ့ကြသည်။

Post date: 05/21/2020 - 10:07

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့သည် ယနေ့ညနေ ၆ နာရီ ၁၀ မိနစ်တွင် စကားပြောကြေးနန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ကြသည်။

Post date: 05/20/2020 - 08:59

၂၀၂၀ ပြည့်နှစ်၊ မေလ ၁၉ ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား သံတမန်ဆက်သွယ်မှု ထူထောင်သည့် (၄၅) နှစ်မြောက် အခါသမယတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့သည် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်း နှင့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ အသီးသီး အပြန်အလှန် ပေးပို့ခဲ့ကြသည်။

Post date: 05/14/2020 - 10:35

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့  ကိုဗစ်−၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း စားနပ်ရိက္ခာ လုံလောက်မှုအားနည်း လျှက်ရှိသော ဘိုးဘွားရိပ်သာများသို့ နိုင်ငံတော် သမ္မတကြီး ဦးဝင်းမြင့် ဇနီး ဒေါ်ချိုချို၊ ပုသိမ်/ငပုတောမဲဆန္ဒနယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးစိုးမိုးဇနီး ဒေါ်ဖြူဖြူသင်း မိသားစု မှ အလှူငွေကျပ် (၁) သိန်း ၊ ဆန် (၅) အိတ် ၊ ကြက်သွန်(၁) အိတ် ၊ အာလူး (၁) အိတ် ၊ ငံပြာရည် (၁)ပုံး ၊ ပဲဆီသန့် (၃၆) ဘူးကို ပုသိမ်မြို့ ဘိုးဘွားရိပ်သာသို့ ယမန်နေ့ နံနက် (၉) နာရီက ပုသိမ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ တစ်ဆင့် ပေးပို့လှူဒါန်း ခဲ့ကြောင်းသိရသည် ။

Post date: 04/17/2020 - 16:59

၁၃၈၂ခုနှစ် မြန်မာ့နှစ်သစ်ကူးတွင် နိုင်ငံသူနိုင်ငံသားများဘေးအန္တရာယ် ကင်းဝေးစေရန်နှင့် COVID-19 ကပ်ရောဂါ ကင်းဝေးစေရန် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မြန်မာ့ နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်းကိုယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိနိုင်ငံတော်သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ ကျင်းပရာနိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့်ဇနီးဒေါ်ချိုချိုတို့ တက်ရောက်၍ အန္တရာယ်ကင်းပရိတ်တရားတော်များနာယူကြည်ညိုကြသည်။

Post date: 04/17/2020 - 12:16

မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ နှစ်ဆန်း ၁ ရက်နေ့

(၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၇ ရက်)

ချစ်ခင်လေးစားအပ်တဲ့ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ နှစ်သစ်မင်္ဂလာ အခါသမယမှာ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် COVID-19 ကြောင့် ဒီနှစ်အတာသင်္ကြန်မှာ လွတ်လပ်စွာ ပျော်ရွှင်ခွင့် မရကြတာကို များစွာစိတ်မကောင်း ဖြစ်ရပါတယ်။

Post date: 04/16/2020 - 23:28

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ မြန်မာ နှစ်သစ်ကူး နှုတ်ခွန်းဆက်မိန့်ခွန်းကို ဧပြီ  ၁၇ ရက် ( မြန်မာနှစ်ဆန်းတစ်ရက်နေ့ ) နံနက် (၈) နာရီ၊ မွန်းတည့် (၁၂) နာရီနှင့် ည (၈) နာရီ သတင်းများတွင် ထုတ်လွှင့်သွားမည် ဖြစ်သည်။

Post date: 04/07/2020 - 17:18

ဘဏ္ဍာရေးကော်မရှင် (၁/ ၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။

Post date: 03/19/2020 - 07:54

နိုင်ငံတော်သမ္မတဦးဝင်းမြင့် က(၄၆) နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

Post date: 03/08/2020 - 19:56

၂၀၂၀ ပြည့်နှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာ အခမ်း အနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်အတွင်းရှိ သာသနာ့ မဟာဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့  တက်ရောက်ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်များဆက်ကပ်ပူဇော်ကြသည်။

Pages