ဒုတိယသမ္မတ ၁ သတင်း

Post date: 03/22/2013 - 13:58

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းသည် ယနေ့ မွန်းလွဲ ၂ နာရီတွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ အခြေစိုက် အပြည်ပြည်ဆိုင်ရာ ချစ်ကြည်ရင်းနှီးမှု ဖလှယ်ရေးကောင်စီ (The International Friendship Exchange Council-FEC) ဒုတိယဥက္ကဋ္ဌ Mr. Norio Yamaguchi ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ အား နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၊ သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

Post date: 03/22/2013 - 13:58

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးသို့ တွဲဖက်ထားသည့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာဝန်ကြီး H.E. Mr. pascal CANFIN ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၊ သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

Post date: 03/19/2013 - 13:23

နိုင်ငံတော် ဧည့်ဂေဟာဖြစ်သည့် Ruby Hall နှင့် Jade Villa အဆောက်အဦများ အချိန်မီ ပြီးစီးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ Ruby Hall တည်ဆောက်ရေး စီမံကိန်း ရှင်းလင်းဆောင်၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက် အမှာစကားပြောကြားသည်။

Pages