မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကမျက်မမြင် ကျောင်းများအား ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ထောက်ပံ့ကြေးပေးအပ်

နေပြည်တော် မေ ၂၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဆောင်ရွက်လျက်ရှိသည့် မသန်စွမ်းသူတစ်ဦးချင်းစီ၏ လိုအပ်ချက် တို့ကို ထည့်သွင်းစဉ်းစားဆောင်ရွက်နိုင်ရေးစီမံချက်အရ မသန်စွမ်းသူများအတွက် ကိုဗစ်-၁၉ အသိပညာပေးခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ခြင်း၊ ငွေကြေးထောက်ပံ့ ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပုဂ္ဂလိက မျက်မမြင်ကျောင်း (၁၃)ကျောင်းရှိ အမြင်အာရုံ မသန်စွမ်းသူ (၆၅၈)ဦးအတွက် တစ်ဦးလျှင် ၃၀၀၀၀/- ကျပ်နှုန်းဖြင့် ကိုဗစ်-၁၉ ကာလ အတွင်း အခြေခံ စားသောက်ကုန်များနှင့် တစ်ကိုယ်ရည်သုံး ကာကွယ်ပစ္စည်းများဝယ်ယူနိုင်ရန် ထောက်ပံ့ ဆောင်ရွက်လျက်ရှိရာ မေ ၂၅  ရက်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မျက်မမြင် ကျောင်း အတွက်  တစ်ဦးလျှင် ၃၀၀၀၀/- ကျပ်နှုန်းဖြင့် (၅၀)အတွက် ငွေကျပ် ၁,၅၀၀,၀၀၀/- (တစ်ဆယ့် ငါးသိန်းတိတိ)နှင့် မေ ၂၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မျက်မမြင်ကျောင်း (၄) ကျောင်းရှိ အမြင်အာရုံမသန်စွမ်းသူ (၂၅၀)အတွက် ငွေကျပ် ၇,၅၀၀,၀၀၀/- (ခုနှစ်ဆယ့်ငါးသိန်း တိတိ) ကို ထောက်ပံ့ပေးခဲ့ပြီး ဖြစ်သည်။

ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာနှင့် ရမည်းသင်းမြို့တို့ရှိ မျက်မမြင်ကျောင်း (၃) ကျောင်းမှ အမြင်အာရုံမသန်စွမ်းသူ (၉၉) ဦးအတွက် ငွေကျပ် ၂,၉၇၀,၀၀၀/- (နှစ်ဆယ့်ကိုးသိန်း ခုနှစ်သောင်း) ကို ထောက်ပံ့ခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ မျက်မမြင် ကျောင်း(၂)ကျောင်း၊ မကွေးတိုင်းဒေသကြီးရှိ မျက်မမြင်ကျောင်း(၁)ကျောင်း၊ မန္တလေးတိုင်းဒေသကြီးရှိ မျက်မမြင် ကျောင်း (၄)ကျောင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ မျက်မမြင်ကျောင်း(၁)ကျောင်းတို့မှ အမြင်အာရုံ မသန်စွမ်းသူများအား ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)