အယ်ဒီတာ့အာဘော်

တိရစ္ဆာန်များမှစတင်ကာ လူများသို့ ကူးစက်ဖြစ်ပွားသည့် ကူးစက်မြန် ကပ်ရောဂါများသည် ဘီစီ ၆ ရာစုဝန်းကျင်ကာလ ရှေးခေတ်အိန္ဒိယနိုင်ငံ၌ ဖြစ်ပွားခဲ့ပုံများကို ပိဋကတ်တော်၌ ဖော်ပြခဲ့သည်များရှိသည်။ ဗုဒ္ဓဘုရားရှင်လက်ထက် ရာဇဂြိုဟ် ပြည်၌ ဖြစ်ပွားခဲ့သည့် “အဟိဝါတ” ခေါ်ကူးစက်မြန်ပြင်းထန်ကပ်ရောဂါဆိုလျှင် လွန်စွာကြောက်မက်ဖွယ် ကောင်းလှသည်။

05/28/2020 - 02:50

မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်း အလားအလာကောင်းများ များစွာရှိသော်လည်း ရင်းနှီးမြှုပ်နှံမှု၊ ကျွမ်းကျင်မှုနှင့် လုပ်ခလစာနည်းပါးမှု တို့ကြောင့် ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်ကြသည့် မြန်မာနိုင်ငံ သားများ သိန်းပေါင်းများစွာ ရှိသည်။ ယခုအခါ ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါဂယက်ကြောင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ တဖွဲဖွဲ ပြန်လည်ရောက်ရှိလာကြသည်။

05/28/2020 - 02:46

တခြားနိုင်ငံတွေက ခြေလှမ်းတစ်လှမ်း လှမ်းလျှင် မိမိတို့က ခြေလှမ်းလေး၊ ငါး၊ ဆယ်လှမ်း လှမ်းလိုက်နိုင်မှ နောင် ၁၀ နှစ်၊ အနှစ် ၂၀တွင် တန်းတူညီတူဖြစ်သွားမည်ဟု လွန်ခဲ့သည့်နှစ်ပေါင်း ၇၀ ကျော် ကာလတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက မိန့်ကြားခဲ့သည်။ ဤသို့ရလဒ်မျိုးရရှိရန်အတွက် သူများ လမ်းလျှောက်နေချိန်တွင် မိမိတို့ကသူ့ထက်လေးငါးဆယ် ဆမြန်သောနှုန်းရအောင် ပြေးရမှာဖြစ်သည်။ သူ့ထက် လေးငါး ဆယ်ဆသာသော အားထုတ်မှုဖြင့် ကြိုးပမ်းရမည် ဖြစ်သည်။

05/27/2020 - 06:17

လူတို့သည် ဘေးဒုက္ခကြုံတွေ့နေချိန်တွင် တစ်ဦးအပေါ်တစ်ဦး ရိုင်းပင်း ကူညီလေ့ရှိသည်။ ပုံမှန် ကာလ များထက် ဒုက္ခအခက်အခဲကြုံတွေ့နေချိန်တွင် ဖေးမကူညီစောင့်ရှောက်ပေးခြင်းသည် မိတ်ဆွေကောင်းမည် သလို မင်္ဂလာ တစ်ပါးလည်းဖြစ်သည်။ အထူးသဖြင့် မတူကွဲပြားသူများအား ဖေးမကူညီ ပေးသည်မှာ လူသား ချင်းစာနာထောက်ထားသည့် မေတ္တာစိတ်အစစ်အမှန် ဖြစ်သည်။

05/27/2020 - 06:12

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဘေးနှင့်ပတ်သက်၍ အတိုင်းအတာတစ်ခု အထိ ကာကွယ်၊ ထိန်းချုပ်ထားနိုင်သည်ဟု ဆိုနိုင်သည်။ ယခုရက်သတ္တပတ် ဝန်းကျင်ကာလအတွင်း ရောဂါမဖြစ်ပွားမှု အနေအထားကောင်းတစ်ခု ရှိနေသည်။ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၏ နိုးကြား ထက်သန်စွာဆောင်ရွက်ပေးမှု၊ ပြည်သူအပေါင်းတို့ အသိတရားဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက်မှုများကြောင့်ဟု ဆိုရမည်ဖြစ်သည်။

05/26/2020 - 05:03

မျက်မှောက်ကမ္ဘာကြီးသည် မျှော်လင့်မထားခဲ့သော အပြောင်းအလဲ ကာလတစ်ခုဆီသို့ ရောက်ရှိနေသည်။ ကပ်ရောဂါ၏ ဖိစီးထားမှုကြောင့် ကမ္ဘာ့နိုင်ငံတိုင်းမှာ သူ့အထွာနှင့်သူ ဆိုသလို ထိခိုက်ခံစား နေကြရသည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ် လာသည့် ကူးစက်မြန် ကပ်ရောဂါက လူတို့၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်ရုံသာမက လူတို့၏ဓနဥစ္စာနှင့် စားဝတ်နေရေးတို့ကိုပါ ကိုင်လှုပ်နေပြီဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ အနာဂတ်သည် မှုန်ဝါး မှိုင်းဝေလျက်။

05/26/2020 - 04:59

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် နှစ်လပြည့်ပြီးကာလ၌ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ငါးသန်းကျော်ရှိနေပြီး သေဆုံးသူ သုံးသိန်းကျော်ရှိပြီ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မေလ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

05/25/2020 - 05:24

မေလ ၂၄ ရက်နေ့၊ ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၂၀၁ ဦး ရှိသည်။ စောင့်ကြည့်လူနာ အသစ်များ တိုးလာမှု၊ ရောဂါဓာတ်ခွဲအတည်ပြုလူနာ အရေအတွက်၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သည့်အရေအတွက် စသည်တို့၏ ကိန်းဂဏန်းများကို ကြည့်ခြင်းအားဖြင့် မိမိတို့နိုင်ငံ၏ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်မှု အခြေအနေနှင့် အလားအလာတို့ကို မှန်းဆနိုင်သည်။ နိုင်ငံတကာသတင်းအချို့တွင် တွေ့ရှိဖတ်ရှု ရသလို ကျန်းမာရေးစနစ် ပြိုလဲသွားပြီး ကူးစက်မြန်ကပ်ရောဂါကို ဒူးထောက်အရှုံးပေးလိုက်ရသည့် အဖြစ်မျိုးနှင့် လွန်စွာဝေးလှ ပါသည်ဟူ၍ ဆိုလိုချင်သည့်တိုင်အောင် မမေ့မလျော့ မပေါ့ဆဘဲ သတိစွဲမြဲစွာဖြင့် ကိုဗစ်-၁၉ ကို ဆက်လက်တွန်းလှန်ကြရန်သာ မြန်မာ့အလင်းက တိုက်တွန်းလိုသည်။

05/25/2020 - 05:23

ယမန်နှစ် ဒီဇင်ဘာလအတွင်း ကိုရိုနာဗိုင်းရပ်စ် စတင်ပေါ်ပေါက်လာ ပြီးနောက် ကမ္ဘာ့ကပ်ရောဂါအဖြစ် ကူးစက်ပျံ့နှံ့သွားခဲ့ချိန်မှစ၍ ကမ္ဘာ မြေ၏လည်ပတ်မှု တုံ့ဆိုင်းနှေးကွေးသွားခဲ့သည်ဟု တင်စား နိုင်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ရာခန့်ကာလအတွင်း စက်မှုတော်လှန်ရေးတို့ တစ်ဆင့်ပြီးတစ်ဆင့် ဆင်နွှဲနိုင်ခဲ့ခြင်းနှင့်အတူ လူသားတို့က သဘာဝတရားကြီးကို အံတုဘက်ပြိုင်ကာ သတ္တလောက၏ ထိပ်ဆုံးနေရာကို ပြိုင်ဘက်မရှိ ရယူထားပြီး မြေပြင် ပေါ်မှာသာမက သမုဒ္ဒရာရေပြင်နှင့် အာကာသ ကောင်းကင်တို့ကိုပါ လွှမ်းမိုးထားခဲ့သည်။ လူသားတို့၏ အလွန်အကျွံထုတ်ယူမှု၊ အလွန်အကျွံ သုံးစွဲမှုတို့မှ ထွက်ပေါ်လာသည့် အကြီးမားဆုံးသော ဘေးထွက်ဆိုးကျိုးမှာ မြေကမ္ဘာ၏ ကျန်းမာရေးချို့ယွင်းလာ ခြင်း သို့မဟုတ် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာခြင်းပင် ဖြစ်သည်။

05/24/2020 - 06:12

ရုပ်ရှင်အနုပညာလောကသည် ဖြတ်သန်းခဲ့သော ရာပြည့်ကာလအတွင်း နိုင်ငံနှင့်ပြည်သူ့အကျိုးကို အနုပညာစွမ်းပကားဖြင့် ကျရာကဏ္ဍမှ အကျိုးပြု ခဲ့သည်ကို တွေ့ရသည်။ ပြည်သူတို့အား ဖျော်ဖြေရေး အတွက်သာမက နိုင်ငံ့အရေးအရာကိစ္စများတွင်လည်း အနုပညာရှင်တို့က ပါဝင်ကူညီခဲ့ကြ သည်။ အနုပညာရှင်များမှာ နိုင်ငံရေး အသွေးအရောင်မရှိဘဲ ပြည်သူ့အရေး အတွက်ဆိုလျှင် ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်ခဲ့ကြသည်။

05/24/2020 - 06:10

Pages