ပြန်ကြားရေးဝန်ကြီးဌာနနှင့် Panna Institute၊ Konrad Adenauer Stifung တို့ ပူးပေါင်းဖွင့်လှစ်သည့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုဆိုင်ရာ (Civil Service Training) သင်တန်းဆင်းပွဲအခမ်းအနား

Thu, 03/08/2018 - 10:25 -- admin

ပြန်ကြားရေးဝန်ကြီးဌာနနှင့် Panna Institute၊ Konrad Adenauer Stifung တို့ ပူးပေါင်းဖွင့်လှစ်သည့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုဆိုင်ရာ (Civil Service Training) သင်တန်းဆင်းပွဲအခမ်းအနား
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်လှထွန်းပြောကြားသည့် သင်တန်းဆင်း အမှာစကား
အားလုံးမင်္ဂလာပါခင်ဗျာ။ သင်တန်းမှာတက်ရတာပျော်ကြရဲ့လား၊ တက်ရကျိုးနပ်တယ်လို့ ယူဆကြပါသလား၊ ရိုးသားပွင့်လင်းစွာမေးတာပါ။ သင်တန်းအဖွင့်မှာ ပြောခဲ့သလိုပါပဲ ဒီသင်တန်းဟာ ကျွန်တော်တို့နိုင်ငံအတွက် သိပ်အရေးကြီးကြောင်း၊ ကျွန်တော်တို့နိုင်ငံရဲ့ ခေါင်းဆောင်တွေဖြစ်လာ မယ့် ခေါင်းဆောင်လောင်းတွေဖြစ်ကြောင်း၊ Policy Making Level ကို ရောက်ရှိလာမယ့်ပုဂ္ဂိုလ်တွေကို လေ့ကျင့်ပေးသည့် သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ ကျွန်တော်တို့နိုင်ငံဟာ အကြောင်းအမျိုးမျိုးကြောင့် မြို့ပြအုပ်ချုပ်ရေးပိုင်းတွင် ကျွန်တော်တို့ ငယ်ငယ်က ပြည်သူ့ဝန်ထမ်းကို Civil Servant လို့ ခေါ်ကြောင်း၊ ပြည်သူ့ဝန်ထမ်းတွေက ပေးတာကို Civil Service ဟု ခေါ်ကြောင်း၊ ကျွန်တော်တို့ အဘိုး တို့ ခေတ်တွင် (ICS) Indian Civil Service ၊ နောက်ကျတော့ (BCS) Burma Civil Service ၊ ကျွန်တော်တို့ အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်း ၅၀ လောက် ခါးပိုင်းပြတ်ခဲ့ကြောင်း၊ ပြန်ပြီးနိုး ထလာသည့်အခါ ပြင်ပကမ္ဘာက အရှိန်အဟုန်နဲ့ပြောင်းလဲသွားပြီဖြစ်ကြောင်း၊ ကျွန်တော်တို့က ရပ်တန့် ကျန်ခဲ့ကြောင်း၊ အိမ်နီးချင်းတွေအားလုံးက ကျွန်တော်တို့ကို စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးအားလုံးမှာ ကျော်တက်သွားပြီဖြစ်ကြောင်း၊ စင်ကာပူသည် Third world ကနေ first world ဖြစ်သွားကြောင်း၊ ကျွန်တော်တို့က Second က Top to the Button လို့ ပြောရမလား၊ ဘယ်သူ့ကိုမှ အပြစ်တင်တာ မဟုတ်ကြောင်း၊ reality the fact ဖြစ်ကြောင်း၊ ကျွန်တော်တို့ မမွေးခင်ကာလကဆို စီးပွားရေးအားဖြင့် South Korea ရဲ့ ရှေ့မှာရှိပါကြောင်း၊ ထိုင်ဝမ်ရဲ့ရှေ့မှာရှိကြောင်း၊ အားကစားမှာဆိုလည်း အလားတူ ဖြစ်ကြောင်း၊ သင်တန်းက ခါးပိုင်းပြတ်တာကို ပြန်လည်ပြီးတော့ မျိုးဆက်သစ်တွေကို မွေးဖို့အတွက် နားလည် ပါကြောင်း၊ ကျွန်တော်တို့တိုင်းပြည်အတွက် အရေးကြီးပါကြောင်း၊ သင်တန်းမှတ်စုသည် comprehensive ဖြစ်ကြောင်း၊ အသေးစိတ်မပါကြောင်း၊ civil service ကောင်းကောင်းဆိုတာသည် generalist ဖြစ်ရမည်ဖြစ်ကြောင်း၊ generalist သည် အားလုံးကို သိရမည်ဖြစ်ကြောင်း၊ ငယ်ငယ် တုန်းကဖတ်ရသည့်  စာအုပ်သည် research လုပ်ထားသည်များ ဖတ်ရကြောင်း၊ အုပ်ချုပ်ရေးသိရမယ်၊ စီးပွားရေးသိရမယ်၊ စီမံခန့်ခွဲရေးသိရမည်ဖြစ်ကြောင်း၊ ကျွန်တော်တို့မမွေးခင် ကိုလိုနီခေတ်က ဗြိတသျှကော်မရှင်နာတွေရေးခဲ့သည့် စာအုပ်တွေရှိကြောင်း၊ ဂေဇက်တီးယားများဖြစ်ကြောင်း၊ သူတို့က research တွေလုပ်ကြောင်း၊ သူအုပ်ချုပ်သည့် နယ်မြေတွင်ရှိသည့် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး အားလုံးကိုရေးထားကြောင်း၊ မှတ်တမ်းတင်နိုင်ကြောင်း၊ ဥပဒေပိုင်းလာမလား၊ တရားစီရင်ရေး လာမလား အများကြီးဖြစ်ကြောင်း၊  generalist ဖြစ်ဖို့ လုံလောက်သည့် လေ့လာဖို့အတွက် အခြေ အနေကောင်းပေးလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ဒီသင်တန်းသည် TOT အတွက်လည်း ရည်စူး သည်ဟု သိရပါကြောင်း၊ ဒီသင်တန်းတက်ခွင့်မရသည့် မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ဗဟုသုတမျှဝေကြပါ၊ ကျွန်တော်တို့ ဒီလိုသင်တန်း လုပ်လာတာ ၃၂ ကြိမ် ရှိပြီဖြစ်ကြောင်း၊ ဒီလိုလုပ်လို့ ပြီးမည်မဟုတ်ပါကြောင်း၊ အားလုံးကို ကာဗာဖြစ်ဖို့မလွယ်ကြောင်း၊ resources က limited ဖြစ်သည့် အတွက် fund လိုကြောင်း၊ သင်တန်းမတက်ခွင့်ရတဲ့သူတွေကို မျှဝေပေးပါ၊ လက်ဆင့်ကမ်းပေးပါ၊ ကိုယ်တိုင်လည်း ဒီဟာနဲ့ မကျေနပ်ပါနဲ့  ထပ်ပြီးကြိုးစားပါဟု အလေးအနက်ထားမှာချင်ပါကြောင်း၊ ဒီသင်တန်းကို ဖြစ်အောင် ကျင်းပပေးသည့် KAS နှင့် Panna Institute ကိုလည်း သိပ်ကျေးဇူးတင် ပါကြောင်း၊ ၂၀၁၈ ခုနှစ်မှာ ဒီသင်တန်းကို ၆ ကြိမ်လုပ်မယ်လို့ သိထားပါကြောင်း၊ ဒီအကြိမ်သ်ည ပထမဆုံးအကြိမ် ဖြစ်ကြောင်း၊ နောက် မြို့ကြီး ၅ မြို့မှာ လုပ်ဖို့အစီအစဉ်ရှိတယ်လို့ သိရပါကြောင်း၊ ဒီသင်တန်းမျိုးကိုလည်း ဒီထက်မက ခပ်စိပ်စိပ်လေး ကျင်းပပေးပါလို့ မေတ္တာရပ်ခံရင်း နိဂုံးချုပ်ပါတယ်။