ပြန်ကြားရေးဝန်ကြီးဌာန၊ စုဝေးခန်းမတွင် ကျင်းပသည့် ပြန်ကြားရေးဝန်ကြီးဌာနနှင့် Panna Institute၊ Konrad Adenauer Stifung တို့ ပူးပေါင်းဖွင့်လှစ်သည့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုဆိုင်ရာသင်တန်း (Civil Service Training) သင်တန်း တွင် ပြောကြားသည့်အမှာစကား

Thu, 03/08/2018 - 10:36 -- admin

ပြန်ကြားရေးဝန်ကြီးဌာန၊ စုဝေးခန်းမတွင် ကျင်းပသည့် ပြန်ကြားရေးဝန်ကြီးဌာနနှင့် Panna Institute၊ Konrad Adenauer Stifung တို့ ပူးပေါင်းဖွင့်လှစ်သည့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုဆိုင်ရာသင်တန်း (Civil Service Training) သင်တန်း တွင် ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း ပြောကြားသည့်အမှာစကား
၁၉.၂.၂၀၁၈
အချိန်- ၉:၃၀
မင်္ဂလာပါဟု နှုတ်ခွန်းဆက်သလိုကြောင်း၊ ယနေ့ ပြန်ကြားရေးဝန်ကြီးဌာနနှင့် Panna Institute၊ Konrad Adenauer Stifung - KAS တို့ ပူးပေါင်းဖွင့်လှစ်သည့် ပြည်သူ့ရေးရာဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်း Civil Service Training သင်တန်းဆိုတော့ အရပ်ဘက်အုပ်ချုပ်ရေး၊ မြို့ပြ အုပ်ချုပ်ရေး သင်တန်းလို့ပဲ နားလည်ပါကြောင်း၊  မြို့ပြသင်တန်းတွင် တက်ရောက်လာ သူများ အား စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည်စုံပါစေဟု ဆုတောင်းမေတ္တာ ပို့သလို ကြောင်း၊ မိမိ နိုင်ငံသည် လွတ်လပ်ရေးရတာ နှစ်ပေါင်း (၇၀) ရှိနေပြီ ဖြစ်ကြောင်း၊ ဒီမိုကရေစီရတာက လေးငါး နှစ်သား လောက်သာ ရှိကြောင်း၊ Media Freedom Gaps ဆိုတာလည်း သုံးနှစ်သား လောက်ပဲ ရှိကြောင်း၊ တာထွက် ကောင်းခဲ့ကြောင်း၊ အုပ်ချုပ်ရေးစနစ်တွေ ပြောင်းသွားကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲ ပေါ်လာကြောင်း၊ မြို့ပြအုပ်ချုပ်ရေး၊ အရပ်ဘက် အုပ်ချုပ်ရေး အခေါ်အဝေါ်တွေ ခေါ်လို့ရကြောင်း၊ အခေါ်အဝေါ်က ပြဿနာ မဟုတ်ကြောင်း၊ ခုတော့ Master Public Administration (MPA) ဖြစ်ကြောင်း၊ မိမိတို့တုန်းက တခြားအရာတွေ ရှိခဲ့ကြောင်း၊ သင်တန်းမှာ ပို့ချမယ့် Subject တွေနဲ့ ဆရာကြီးတွေကို ကြည့်လိုက်တဲ့အခါမှာ အားရကျေနပ်မှုရှိကြောင်း၊ စိတ်ဝင် စားဖို့ ကောင်းကြောင်း၊ တိုင်းပြည်အုပ်ချုပ်တဲ့ ပညာရပ် အဌာရသ (၁၈) ဆိုတာ တွေ့ရကြောင်း၊ ယခု သင်တန်းဖြစ်မြောက်ရေး အတွက် ဝိုင်းဝန်း ဆောင်ရွက်ပေးကြသော Panna Institute ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ လာရောက် သင်တန်းပို့ချတဲ့ ဆရာဆရာမတွေနဲ့ သင်တန်းသူ သင်တန်းသား တွေကိုယ်စား အထူးပဲ ကျေးဇူးတင်ရှိကြောင်း၊ မိမိတို့နိုင်ငံအတွက် အရေးကြီးသော သင်တန်း ဖြစ်ကြောင်း၊ မိမိလေ့လာသိရှိရ သလောက် ၂၀၁၀ ခုနှစ်မှ ၂၀၁၇ ခုနှစ် အထိ ၃၁ ကြိမ် ဖွင့်လှစ်ပြီး ဖြစ်ကြေင်း၊ ရန်ကုန်တွင် ၅ ကြိမ်၊ နေပြည်တော်တွင် ၁၀ ကြိမ်၊ တိုင်းနှင့်ပြည်နယ် ၄ ခု၊ တိုင်းဒေသကြီး ပြည်နယ်တွေမှာ ၁၆ ကြိမ်၊ စုစုပေါင်း ၃၁ ကြိမ် ရှိခဲ့ကြောင်း၊ မန္တလေး၊ ပုသိမ်၊ တောင်ကြီး၊ မော်လမြိုင်၊ မုံရွာ၊ မကွေး၊ ပဲခူး၊ ဘားအံ၊ လွိုင်ကော်၊ မြစ်ကြီးနား၊ ထားဝယ်၊ ဟားခါး၊ စစ်တွေမှာရှိတဲ့ နိုင်ငံ ဝန်ထမ်းများ အရည်အသွေး တိုးတက် ဖို့အတွက် ပို့ချဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ် မှာ လည်း သုံးဖွဲ့ပူးပေါင်းပြီးတော့ ဒီလို သင်တန်းမျိုးတွေကို ဒီနေ့ နေပြည်တော်ကနေ စင်တင်ပြီးတော့ ဖွင့်လှစ်တာ ဖြစ်ကြောင်း၊ တောင်ငူ၊ မိတ္ထီလာ၊ ရွှေဘို၊ ကျိုင်းတုံ နှင့်  မြိတ်မြို့တို့မှာ ဆက်ပြီး ဖွင့်လှစ်ဖို့ အစီအစဉ် ရှိကြောင်း၊ သင်တန်းသားများအား မေတ္တာရပ်ခံလိုသည်မှာ အင်မတန်ကံကောင်းလို့ တက်ခွင့် ရတယ်လို့ သဘောထားစေ ချင်ကြောင်း၊ ခုနပြောတဲ့ အဌာရသ (၁၈) ရပ်ကို ၅ ရက်တာ ပို့ချမှာ ဖြစ်ကြောင်း၊ သင်တန်းပို့ချတဲ့ နည်းစနစ်တွေ အားလုံးလဲ ပြောင်းလဲသွားပြီဖြစ်ကြောင်း၊ သာမန် ရိုးကျ မဟုတ်ဘဲ ဆွေးနွေးခြင်း၊ Brain Storming လုပ်ခြင်းတွေ ပြုလုပ်မှာ ဖြစ်တဲ့အတွက် တက်တက်ကြွကြွ ဆွေးနွေးစေလိုကြောင်း၊ ယင်းအချက်က အရေးကြီးကြောင်း၊ မြန်မာသင်တန်းသား အများစုက ပြည်ပမှာ သင်တန်းသွား တက်လျှင် Participation အားနည်းကြောင်း၊ အကြောင်း အမျိုးမျိုး ရှိကြောင်း၊ ဖြတ်သန်းလာတဲ့ ဘဝက Brain Storming လုပ်တဲ့ အတွေ့အကြုံ နည်းပါး ကြကြောင်း၊ ဒါကြောင့် သင်တန်းသား အချင်းချင်းလည်း ပွင့်ပွင်လင်းလင်း ပြောစေ၊ ဆွေးနွေး စေလိုကြောင်း၊ သင်တန်းပို့ချတဲ့ ဆရာဆရာမ တွေကို ရင်းနှီးပွင့်လင်းစွာ တင်ပြစေလိုကြောင်း၊ တိုင်းပြည်အတွက် အကောင်းဆုံး အသုံးချပါလို့ ပြောကြားရင်း နိရုံးချုပ်လိုကြောင်း ပြောကြားပါသည်။