၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် နေပြည်တော်ရှိ Park Royal ဟိုတယ်တွင် မြန်မာနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေ သော ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာဟော်နမ်ဟောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ညစာစားပွဲဖြင့် ဂုဏ်ပြုဧည့်ခံပွဲ၌ ပြောကြားသည့်

Thu, 03/08/2018 - 11:01 -- admin

မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံဆက်ဆံရေးကို  အလေးထားပါကြောင်း၊ ၁၉၅၅ခုနှစ်က နှစ်နိုင်ငံသံတမန် ဆက်ဆံရေး စတင်ထူထောင်ခဲ့ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်း သည့် ပူးပေါင်းဆောင်ရွက်မှုများ ပုံမှန်တိုးတက် လာခဲ့ သည်ကို ဝမ်းမြောက်စွာ  တွေ့မြင်ရပါကြောင်း၊    မြန်မာ နိုင်ငံနှင့်  ကမ္ဘောဒီးယားနိုင်ငံတို့သည်  သမိုင်းကြောင်း၊ အာရှတန်ဖိုး သတ်မှတ်ချက်များနှင့် စိတ်နေစိတ်ထား တူညီရုံသာမကဒေသတွင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် သဟ ဇာတရှိရေးတို့အပေါ် တူညီသည့် သန္နိဋ္ဌာန်များ ချမှတ် ဖော်ဆောင်လျက်ရှိသည့် နိုင်ငံများဖြစ်ပါကြောင်း။
          မိမိတို့နှစ်နိုင်ငံသည် ပိုမိုကောင်းမွန် ခိုင်မာသည့်    အာဆီယံအသိုက်အဝန်း တည်ဆောက်ရေး လုပ်ငန်းများ ကို လက်တွဲကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတောင့်တင်း ခိုင်မာလာလျက်ရှိပါ ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ အပြန်အလှန် ခရီးစဉ်များသည် နှစ်နိုင်ငံရင်းနှီးမှုနှင့် ပူးပေါင်းဆောင် ရွက်မှု တိုးမြှင့်ရေးအတွက် သိသိသာသာ အထောက် အကူ  ဖြစ်စေပါကြောင်း၊    မကြာသေးမီက    နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ကမ္ဘောဒီးယားနိုင်ငံသို့  တရား ဝင် ခရီးစဉ်   သွားရောက်ခဲ့ပါကြောင်း၊ အဆိုပါ ခရီးစဉ် သည် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ် များအတွက် အခွင့်အလမ်းသစ်များကို ဖော်ဆောင်ပေး နိုင်ခဲ့ပါကြောင်း။
          ဟဇာတဖြစ်ပြီး  သာယာ၀ပြောသည့် အာဆီယံ အသိုက်အဝန်း ထူထောင်ရန်နှင့် မိမိတို့ဒေသ၏ လက်ရှိ နှင့် အနာဂတ် စိန်ခေါ်မှုများ ဖြေရှင်းသွားနိုင်ရန်အတွက် မြန်မာနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံအပြင် အခြား အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် နီးကပ်စွာ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
          မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည်  ပိုမို တောက်ပသည့်  အနာဂတ်ဆီသို့    ဦးတည်လျက်ရှိပြီ ခိုင်မာသောနေသည့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများသည် အချိန်နှင့်အမျှ  ပိုမိုတောင့်တင်း ခိုင်မာလာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။ ရည်ရွယ်ချက်၊  ဆုံးဖြတ်ချက်တို့နှင့် အဆိုပါ အနာဂတ် ခရီးလမ်းကို ဆက်လက် လျှောက်လှမ်းနေကြသည့် နိုင်ငံ များဖြစ်ပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံအကြား တည်ရှိနေ သည့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ သည်    အချိန်နှင့် အမျှ  ပိုမိုတောင့်တင်းခိုင်မာလာမည် ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

Featured News: 
0