၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ချင်းပြည်နယ်သို့ ရောက်ရှိပြီး ပြည်နယ်အတွင်း ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့စဉ် ပြောကြားသည့် အမှာစကား

Thu, 03/08/2018 - 11:09 -- admin

ချင်းပြည်နယ်အတွင်း ဖြစ်ပွားနိုင်သည့် သဘာ၀ ဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင် ကာကွယ်နိုင် ရန်နှင့် ချင်းပြည်နယ်၏ ပကတိအခြေအနေကို သိရှိနိုင် ရန် လာရောက်ကြည့်ရှုခြင်းဖြစ်ပါကြောင်း၊ ဒေသ၏ ဖွံ့ဖြိုး ရေးလုပ်ငန်း လိုအပ်ချက်များကို အတတ်နိုင်ဆုံး ကူညီဆောင်ပေးမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသည် အဘက်ဘက်တွင် နောက်ကျကျန်ခဲ့သည့်အတွက် အစိုးရ အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းလမ်းမျိုးစုံ အသုံးပြု၍ ကြိုးစားဆောင်ရွက်နေပါ ကြောင်း။
          ချင်းပြည်နယ်တွင်ဆောင်ရွက်နေသည့် ရွေ့ပြောင်း တောင်ယာစနစ်သည် သဘာ၀ပတ်ဝန်းကျင်ကို ထိခိုက် ပျက်စီးစေပါကြောင်း၊ ဒေသနှင့်လိုက်လျော ညီထွေရှိ သည့် နှစ်ရှည်ပင်များကို စနစ်တကျ စိုက်ပျိုး သင့်ပါ ကြောင်း၊ ချင်းပြည်နယ်တွင် ယခင်က အောင်မြင်ဖြစ် ထွန်းခဲ့သည့် ပိုးမွေးမြူရေးလုပ်ငန်းနှင့် ကော်ဖီပင် စိုက်ပျိုးရေးလုပ်ငန်းကို တစ်ဦးချင်းဖြစ်စေ အဖွဲ့အလိုက် ဖြစ်စေ ပူးပေါင်းဆောင်ရွက် စေလိုကြောင်း၊ နိုင်ငံတော် အနေဖြင့်လည်း ပံ့ပိုးကူညီပေးသွားမည် ဖြစ်ပါကြောင်း။
          မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံး နိုင်ငံ ဖြစ်လာမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာ တွင် ပြည်သူများက အစိုးရနှင့်အတူ လက်တွဲ ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊  သို့မှသာ မိမိတို့၏ရည်မှန်းချက်ဖြစ်သော နိုင်ငံတော် ဖွံ့ဖြိုးတိုး တက်ရေးသည် လျင်လျင်မြန်မြန် အကောင်အထည် ပေါ်လာမည်ဖြစ်ပါကြောင်း။
          ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင် ရွက်ရာတွင် ယင်းဒေသ၏ တည်ငြိမ်းအေးချမ်းမှုသည် များစွာအရေးပါ ပါကြောင်း၊ မိမိတို့နိုင်ငံတွင် နှစ်ပေါင်း ၆၀ ကျော်ကြာ လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားခဲ့ပါ ကြောင်း၊ မိမိတို့နိုင်ငံ တည်ငြိမ်အေးချမ်းမှုရှိမှသာ မိမိတို့ လိုလားသည့် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို အောင် အောင်မြင်မြင် ရောက်ရှိမည်ဖြစ်ပါကြောင်း။
          နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်ချမ်းရေးဗဟို ဌာနကို ဖွဲ့စည်းပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ -ရာစု) ပင်လုံကို အောင်အောင်မြင်မြင် ကျင်းပခဲ့ ပါကြောင်း၊ မကြာခင်ကာလတွင်လည်း ပြည်ထောင်စု ငြိမ်းချမ်း ရေးညီလာခံ(၂၁-ရာစု)ပင်လုံကို ထပ်မံ ကျင်းပ ရန်ရှိပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းများကို အစွမ်း ကုန်ကြိုးစား ဆောင်ရွက် နေပါကြောင်း၊ ပြည်သူ များ အနေဖြင့်လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များတွင်ကျရာ အခန်းကဏ္ဍက ပူးပေါင်းပါဝင် ဆောင် ရွက်ပေးကြရန်တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်။

Featured News: 
0