The Mirror

မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်း အလားအလာကောင်းများ များစွာရှိသော်လည်း ရင်းနှီးမြှုပ်နှံမှု၊ ကျွမ်းကျင်မှုနှင့် လုပ်ခလစာနည်းပါးမှု တို့ကြောင့် ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်ကြသည့် မြန်မာနိုင်ငံ သားများ သိန်းပေါင်းများစွာ ရှိသည်။ ယခုအခါ ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါဂယက်ကြောင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ တဖွဲဖွဲ ပြန်လည်ရောက်ရှိလာကြသည်။

05/28/2020 - 02:46

လူတို့သည် ဘေးဒုက္ခကြုံတွေ့နေချိန်တွင် တစ်ဦးအပေါ်တစ်ဦး ရိုင်းပင်း ကူညီလေ့ရှိသည်။ ပုံမှန် ကာလ များထက် ဒုက္ခအခက်အခဲကြုံတွေ့နေချိန်တွင် ဖေးမကူညီစောင့်ရှောက်ပေးခြင်းသည် မိတ်ဆွေကောင်းမည် သလို မင်္ဂလာ တစ်ပါးလည်းဖြစ်သည်။ အထူးသဖြင့် မတူကွဲပြားသူများအား ဖေးမကူညီ ပေးသည်မှာ လူသား ချင်းစာနာထောက်ထားသည့် မေတ္တာစိတ်အစစ်အမှန် ဖြစ်သည်။

05/27/2020 - 06:12

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဘေးနှင့်ပတ်သက်၍ အတိုင်းအတာတစ်ခု အထိ ကာကွယ်၊ ထိန်းချုပ်ထားနိုင်သည်ဟု ဆိုနိုင်သည်။ ယခုရက်သတ္တပတ် ဝန်းကျင်ကာလအတွင်း ရောဂါမဖြစ်ပွားမှု အနေအထားကောင်းတစ်ခု ရှိနေသည်။ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၏ နိုးကြား ထက်သန်စွာဆောင်ရွက်ပေးမှု၊ ပြည်သူအပေါင်းတို့ အသိတရားဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက်မှုများကြောင့်ဟု ဆိုရမည်ဖြစ်သည်။

05/26/2020 - 05:03

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် နှစ်လပြည့်ပြီးကာလ၌ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ငါးသန်းကျော်ရှိနေပြီး သေဆုံးသူ သုံးသိန်းကျော်ရှိပြီ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မေလ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

05/25/2020 - 05:24

ရုပ်ရှင်အနုပညာလောကသည် ဖြတ်သန်းခဲ့သော ရာပြည့်ကာလအတွင်း နိုင်ငံနှင့်ပြည်သူ့အကျိုးကို အနုပညာစွမ်းပကားဖြင့် ကျရာကဏ္ဍမှ အကျိုးပြု ခဲ့သည်ကို တွေ့ရသည်။ ပြည်သူတို့အား ဖျော်ဖြေရေး အတွက်သာမက နိုင်ငံ့အရေးအရာကိစ္စများတွင်လည်း အနုပညာရှင်တို့က ပါဝင်ကူညီခဲ့ကြ သည်။ အနုပညာရှင်များမှာ နိုင်ငံရေး အသွေးအရောင်မရှိဘဲ ပြည်သူ့အရေး အတွက်ဆိုလျှင် ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်ခဲ့ကြသည်။

05/24/2020 - 06:10

ယခု ၂၀၂၀ ပြည့်နှစ်ကာလသည် ရန်ကုန်တက္ကသိုလ်ကြီး နှစ် (၁၀၀) ပြည့် ကာလဖြစ်သည်။ မြန်မာနိုင်ငံ၏ ပညာရေးသမိုင်းကြောင်း၊ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းတွင် ထင်ရှားသောသမိုင်းမှတ်တိုင်တစ်ခုဖြစ်သည့် ရန်ကုန် တက္ကသိုလ်ကြီး၏ ဂုဏ်ယူမြတ်နိုးဖွယ်ရာ နှစ် ၁၀၀ မှတ်တမ်းများကို ထိန်းသိမ်းစောင့်ရှောက် ထုတ်ဖော်ကြရမည် ဖြစ်သည်။

05/23/2020 - 05:37

ကမ္ဘာတစ်ဝန်း ရင်ဆိုင်ကြုံတွေ့နေဆဲဖြစ်သော ကိုဗစ် - ၁၉ ရောဂါကို ထိန်းချုပ်ထားနိုင်ပြီဟု မည်သည့်နိုင်ငံမျှ အခိုင်အမာအတိအလင်း ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိသေးချေ။ အချို့နိုင်ငံ၌ အချိန်အတိုင်း အတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ခြင်းမှာ ချမှတ်ထားသည့်လမ်းညွှန်ချက်များကို တိတိ ကျကျ လိုက်နာနိုင်သောကြောင့်ဖြစ်ပြီး တစ်စုံတစ်ရာချိုးဖောက်၊ လစ်ဟင်းပေါ့ဆလိုက်သည်နှင့် ကိုဗစ်-၁၉ သည် ပြန်လည်ရောက်ရှိလာသည်ကို မြင်တွေ့ရမည်ဖြစ်သည်။

05/22/2020 - 06:06

ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်သည်။ ကျန်းမာမှသာ အရာရာကို ဆောင်ကြဉ်းနိုင်မည် ဖြစ်သည်။ လောကီရေးဘက်တွင်သာမက လောကုတ္တရာဘက်တွင်ပါ ကျန်းမာပါမှ အလိုရှိရာကို အားထုတ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် နေ့စဉ်နှင့်အမျှ မိမိတို့၏ကျန်းမာရေးကို အထူးဂရုစိုက်ကြရမည် ဖြစ်သည်။ ကျန်းမာပါမှ မိမိတို့၏ဘဝ ရည်မှန်းရာပန်းတိုင်များသို့ ကိုယ်စီကိုယ်စီ တက်လှမ်းနိုင်မည် ဖြစ်သည်။

05/21/2020 - 06:22

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော စူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်သည် မေလ ၁၈ ရက်နေ့ညတွင် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၄၀ ကျော်ဖြင့် အလွန့်အလွန်အားကောင်း သော မုန်တိုင်းကြီးအဖြစ် ရောက်ရှိခဲ့သည်။ လက်ရှိအခြေအနေတွင် အဖျက်စွမ်းအားကြီးမား သော စူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်သည် မြန်မာနိုင်ငံသို့ ဦးတည်ခြင်း မရှိသော်လည်း မုန်တိုင်းအရှိန်ကြောင့် မေလ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အတွင်း မြန်မာနိုင်ငံတစ်ဝန်း အချို့ နေရာများတွင် လေပြင်းများ တိုက်ခတ်ပြီး အချို့ဒေသများတွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာလျက်ရှိနေသည်။ မေလ ၁၈ ရက်နေ့ တစ်ရက်တည်းတွင် မော်လိုက်မြို့၊ ငဖဲမြို့၊ နတ်တလင်းမြို့ပတ်ဝန်းကျင်တို့၌ အင်အားအနည်းငယ်ရှိ ငလျင် သုံးကြိမ်လှုပ်ရှားသွားသည်။

05/20/2020 - 06:37

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသည့် ဘင်္ဂလားပင်လယ်အော် အနောက် တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်သည် မေလ ၁၇ ရက်နေ့က သိသိသာသာ ရွေ့လျားခြင်းမရှိဘဲ အားယူနေသည်။ မေလ ၁၈ ရက်နေ့ နံနက်တွင် ဘင်္ဂလား ပင်လယ် အော်တောင်ပိုင်း၌ အားကောင်းသောဆိုင်ကလုန်း မုန်တိုင်းဖြစ်လာပြီး မြောက်ဘက်သို့ ဖြည်းညင်းစွာ ရွေ့လျားခဲ့သည်။

05/19/2020 - 05:52

Pages