ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ဆက်စပ် သတင်းများ အမြန်ရရှိရေး အကူအညီ ပေးနိုင်ပါရန် အသိပေး ကြေညာချက် ထုတ်ပြန်ခြင်း

Thu, 03/08/2018 - 10:11 -- admin

နေပြည်တော်၊ ဇန်နဝါရီ ၃၀
၁။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)၏ ဥပဒေအကြံပေး ဦးကိုနီသည် အင်ဒိုနီးရှား နိုင်ငံသို့ လေ့လာရေး ခရီး သွားရောက်ပြီး ပြန်လည် ရောက်ရှိစဉ် ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် Terminal-1 ပလက်ဖောင်း၌ သေနတ်သမား တစ်ဦး၏ အနီးကပ် ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ပြီး သေနတ်သမားကို အနီးရှိ ပြည်သူများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက လိုက်လံ ဖမ်းဆီးစဉ် ဖမ်းဆီး ပေးသူများထဲမှ ဦးနေဝင်း (၄၂)နှစ်၊ (ဘ) ဦးမောင်မောင်သည်လည်း သေနတ်သမား၏ ထပ်မံ ပစ်ခတ်မှုကြောင့် ဝဲဘက်ဆီးခုံ ထိမှန်ဒဏ်ရာ ရရှိကာ သေဆုံးခဲ့ပါသည်။
၂။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှု ကျူးလွန်သူ ကြည်လင်း (၅၃)နှစ်၊ (ဘ) ဦးလှိုင်၊ ပုဏ္ဏားကုန်း ရပ်ကွက်၊ မဟာ အောင်မြေမြို့နယ်၊ မန္တလေး တိုင်းဒေသကြီး နေသူကို မင်္ဂလာဒုံမြို့မ ရဲစခန်း (ပ)၁၅၀/ ၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အရေးယူ ထားရှိပြီး အသေးစိတ် စစ်ကြောကာ ကွင်းဆက် ဖော်ထုတ်လျက် ရှိပါသည်။
၃။ မိဘ ပြည်သူများ အနေဖြင့် အထက်ပါ ဖြစ်စဉ်နှင့် ဆက်စပ်သော ပြစ်မှု ကျူးလွန်သူများနှင့် ပတ်သက်၍ သတင်းများ သိရှိပါက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဆက်သွယ် သတင်းပေးရန် လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်သတင်းပေးပို့နိုင်ပါရန် မေတ္တာရပ်ခံ ပန်ကြား အပ်ပါသည်-
- နေပြည်တော်ရဲတပ်ဖွဲ့ ၀၆၇-၅၅၁၃၃၃
- ကချင်ပြည်နယ်ရဲတပ်ဖွဲ့ ၀၇၄-၂၁၄၄၄
- ကယားပြည်နယ်ရဲတပ်ဖွဲ့ ၀၈၃-၂၁၅၂၄
- ကရင်ပြည်နယ်ရဲတပ်ဖွဲ့ ၀၅၈-၂၃၃၅၅
- ချင်းပြည်နယ်ရဲတပ်ဖွဲ့ ၀၇၀-၂၁၄၅၂
- စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ ၀၇၁-၂၄၉၉၆
- တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့ ၀၅၉-၂၃၉၉၈
- ပဲခူးတိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ ၀၅၂-၂၃၉၉၉
- မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ၀၆၃-၂၈၀၉၉
- မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ၀၂-၂၇၁၉၉
- မွန်ပြည်နယ်ရဲတပ်ဖွဲ့ ၀၅၇-၂၄၉၈၇
- ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ၀၄၃-၂၂၈၃၃
- ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ၁၉၉ ၊ ၀၁-၂၃၂၃၁၉၉
- ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ၀၈၁-၂၁၂၅၄၅၅
- ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ ၀၄၂-၂၃၈၄၄