အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်သန်း မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး မစ္စတာမိုဟာမက် ဟာနဖ်ဘင် အဗ္ဗဒူလာရာမန်အားလက်ခံတွေ့ဆုံ

 

နေပြည်တော်၊ မတ်  ၁၃

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်သန်းသည် မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီး    မစ္စတာမိုဟာမက် ဟာနဖ်ဘင် အဗ္ဗဒူလာရာမန်အား ယနေ့ မွန်းလွဲ ၁နာရီ ခွဲတွင် နေပြည်တော်ရှိ အမျိုးသား လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့အကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ စီးပွားရေး၊ ခရီးသွားလာရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ 

အဆိုပါ တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။