ဒုတိယသမ္မတ ဦးမြင့်ဆွေ ဒုတိယမြောက် ဘုရင်ဟာစန်၏ပြတိုက်အား ကြည့်ရှုလေ့လာပြီးDakhla မြို့သို့ ရောက်ရှိ

Dakhla မတ် ၁၅

မော်ရိုကိုနိုင်ငံ၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယမန်နေ့မွန်းလွဲပိုင်းတွင် မော်တော် ယာဉ်များဖြင့် ကာဆာဘလန်ကာမြို့မှ မော်ရိုကိုနိုင်ငံ၏ မြို့တော် ရာဘတ် မြို့သို့ သွားရောက်ကာ ဒုတိယ မြောက် ဘုရင်ဟာစန်၏ ပြတိုက်ကို ကြည့်ရှု လေ့လာသည်။

ထို့နောက် ဒုတိယသမ္မတ ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် ညပိုင်းတွင် ကာဆာဘလန်ကာမြို့မှ တစ်ဆင့် လေကြောင်းခရီးဖြင့် ထွက်ခွာ ခဲ့ကြရာ Dakhla မြို့သို့ ရောက်ရှိကြ သည်။

ဒုတိယသမ္မတအား Dakhla ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Lamine Benomar နှင့်တာဝန်ရှိသူများက Dakhla အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် ဒုတိယသမ္မတသည် Dakhla အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာ ခဲ့ကြပြီး Crans Montana Forum on Africa and South-South Cooperation အစည်းအဝေး ဒုတိယပိုင်း ကျင်းပမည့် Rhapsody သင်္ဘောပေါ်ရှိBateau ဟိုတယ်၌ ညအိပ်ရပ်နားကြသည်။

သတင်းစဉ်