ဒုတိယသမ္မတ ဦးမြင့်ဆွေ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပရေး နာယကအဖွဲ့နှင့် ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြား

နေပြည်တော် ဖေဖော်ဝါရီ ၁၆ ရက်
 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက ဦးဆောင်ကျင်းပမည့် သာသနာ တော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနား အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် နာယကအဖွဲ့နှင့် ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ ၌ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးသာဦး၊  နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတ ဦးမြင့်ဆွေက အမှာစကားပြောကြားရာတွင် သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားကြီးကို အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံး၏ အမိန့် ကြော်ငြာစာအမှတ်၊ ၁၀/၂၀၁၈ ဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့တွင် နာယကအဖွဲ့ကို ဒုတိယသမ္မတအပါအဝင် (၅)ဦး ဖြင့်လည်းကောင်း၊ ဦးစီးကော်မတီကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဥက္ကဋ္ဌအဖြစ်နှင့် စုစုပေါင်း(၁၈)ဦးဖြင့်လည်းကောင်း ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ဦးစီး ကော်မတီအနေဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့တွင်  လုပ်ငန်းများ စနစ်တကျ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းကော်မတီ(၁)ခုနှင့် ဆပ်ကော်မတီ(၁၁)ခုကို ဖွဲ့စည်းကာ လုပ်ငန်းတာဝန်များကိုလည်း သတ်မှတ်ပေးခဲ့ပြီးဖြစ် ပါကြောင်း။
ယခုကျင်းပမည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ဆွမ်းဆက်ကပ် လှူဒါန်းပွဲအခမ်း အနား၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း ပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲအခမ်းအနားတို့သည် နိုင်ငံတော်အဆင့် အခမ်းအနား ဖြစ်ပါကြောင်း၊ ရှေးမြန်မာ မင်းများလက်ထက်ကတည်းက အစဉ်အလာကြီးမားခဲ့ပြီး မြန်မာန်ိုင်ငံအစိုးရအဆက်ဆက် ကျင်းပခဲ့သည့် အမြင့်ဆုံးသာသနာတော်ဆိုင်ရာ ချီးမြှောက်မှုအခမ်းအနားကြီးဖြစ်ပါကြောင်း၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပွဲမတိုင်မီအကြိုရက်တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပွဲကို ကျင်းပမည်ဖြစ်ပါကြောင်း၊ တပေါင်းလပြည့်နေ့တွင် ဘွဲ့တံဆိပ်တော် များဆက်ကပ်ပွဲကို ကျင်းပပြီးချိန်တွင် ဆွမ်းဆန်တော် လောင်းလှူပွဲအခမ်းအနားကို ဆက်လက် ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သက်ဆိုင်ရာ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့် နှစ်စဉ်ကျင်းပခဲ့သည့် အတွေ့အကြုံများ အပေါ်မူတည်၍ လုပ်ငန်းတာဝန်များ လှစ်ဟာမှုမရှိအောင် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြ စေလိုပါကြောင်း။
အခမ်းအနားသို့ ကြွရောက်မည့် ဆရာတော်ကြီးများသည် ရန်ကုန်မှ နေပြည်တော်သို့ လေကြောင်း ခရီးဖြင့် ကြွရောက်မည်ဖြစ်သည့်အတွက် လေယာဉ်နေရာရရှိရေး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကူညီဆောင်ရွက်ပေးစေလိုပါ ကြောင်း၊ ခေတ္တသတင်းသုံးနေထိုင်မည့် ကျောင်းဆောင်များနှင့် ဟိုတယ်များတွင် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရှိရေး၊ အရုဏ် ဆွမ်း၊ နေ့ဆွမ်းများ ဆက်ကပ်ရာတွင် ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်သော ဟင်းလျာများဆက်ကပ်နိုင်ရေး၊ ယခင်နှစ်များနည်းတူ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု အစီအမံများ စနစ်တကျ ဆောင်ရွက်သွားနိုင်ရေး၊ လှူဖွယ်ပစ္စည်းများ စနစ်တကျ ဆက်ကပ် လှူဒါန်းနိုင်ရေး၊ အခမ်းအနားကျင်းပမည့် သာသနာ့မဟာဗိမာန်တော်ကြီးအတွင်း ထည်ဝါတင့် တယ် ကြည်ညိုဖွယ်ဖြစ်အောင် ခင်းကျင်းပြင်ဆင်ထားရှိရေးစသည်တို့ကို သက်ဆိုင်ရာကော်မတီ များအလိုက် လစ်ဟာမှုမရှိအောင် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားကြစေလိုပါကြောင်း။
 ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ ပြီးချိန်တွင် ဆွမ်းဆန်တော်လောင်းလှူပွဲ ဆက်လက်ကျင်းပ မည်ဖြစ်သည့်အတွက် အချိန်ကြန့်ကြာမှုမရှိအောင် စနစ်တကျ စီမံခန့်ခွဲပြီး သေချာစွာ ဇာတ်တိုက် လေ့ကျင့် ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။
 ယခု ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးတွင် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော် မတီအသီးသီးတို့၏ လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေအနေ၊ ဆောင်ရွက်ဆဲ အခြေအနေများနှင့် အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေး ပေး စေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက ဘွဲ့ဆက်ကပ်မည့်အခြေအနေ၊ သံဃာ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်အရေအတွက်၊ အခမ်းအနား ကျင်းပမည့်နေ့၌ ဆောင်ရွက်မည့်အစီအစဉ်များ၊ အခမ်းအနားကျင်းပမည့် ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု၊ ဆရာတော်ကြီးများ ပင့်ဆောင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု၊ နေရာချထားမည့် အစီအစဉ်များနှင့် ကြိုတင်ဇာတ်တိုက်လေ့ကျင့် သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
 ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံက အခမ်းအနားနှင့်ပတ်သက်၍ လုပ်ငန်းကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဆောင် ရွက်ရန်ကျန်ရှိသည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
 ယင်းနောက် ဆပ်ကော်မတီအသီးသီးမှ ဆွေးနွေးတင်ပြကြရာ သာသနာရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက ကြိုဆိုပင့်ဆောင်နေရာချထားရေးနှင့် အခမ်းအနား သို့ ပင့်ဆောင်ရေး ဆပ်ကော်မတီနှင့် ဖိတ်ကြားရေး ဆပ်ကော်မတီတို့နှင့် သက်ဆိုင်သည့် တင်ပြချက် များအားလည်းကောင်း၊ သာသနာတော် ထွန်းကား ပြန့်ပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေက အခမ်းအနားပြင်ဆင်ရေးနှင့် အခမ်းအနားကျင်းပရေး ဆပ်ကော်မတီ၊ ဆွမ်းဆက် ကပ်ရေးနှင့် ဧည့်ခံကျွေး မွေးရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေး ဆပ်ကော်မတီတို့နှင့် သက်ဆိုင်သည့် တင်ပြချက် များအားလည်းကောင်း၊ အနုပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဝင်း မောင်က ဧည့်ခံဖျော်ဖြေရေးဆပ်ကော်မတီနှင့် သက်ဆိုင်သည့်တင်ပြချက် များအား လည်းကောင်း၊  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က  ပို့ဆောင် ဆက်သွယ်ရေး ဆပ်ကော်မတီဆိုင်ရာ တင်ပြချက်များအားလည်းကောင်း၊  ပြန်ကြားရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က သတင်းမှတ်တမ်းနှင့် ပြန်ကြားရေးဆပ်ကော် မတီဆိုင်ရာ တင်ပြချက်များအား လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်သီတာလှက ကျန်းမာရေး ဆပ်ကော်မတီ ဆိုင်ရာ တင်ပြချက်များအားလည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း က ဆွမ်းဆန်တော်လောင်းလှူရေးဆပ်ကော်မတီဆိုင်ရာ တင်ပြချက် များအားလည်းကောင်း၊ ပြည်ထဲ ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲမှူးချုပ် အောင်နိုင်သူ က  လုံခြုံရေးဆပ် ကော်မတီဆိုင်ရာ တင်ပြချက်များအား လည်းကောင်း ဆပ်ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက် ထားရှိမှုနှင့် ဆက်လက်ဆောင် ရွက်သွား မည့်အစီအစဉ်များကို ဆွေးနွေး တင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။