Other News

စန္ဒရားတင်ဝင်းလှိုင်သို့ အိတ်ဖွင့်ပေးစာ

 

သို့

ဆရာ စန္ဒရားတင်ဝင်းလှိုင်ခင်ဗျား

 

၁။ ၂၃-၃-၂၀၁၈ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ Myanmar Event Park မှာ ပြုလုပ်တဲ့ ၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးအပ်ပွဲ အခမ်းအနားမှာ ကျေးဇူးတင်စကားပြောကြားစဉ် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား(MRTV) နဲ့ ပတ်သက်ပြီး ထည့်သွင်းပြောကြားခဲ့တဲ့အချက်တွေနဲ့ ပတ်သက်လို့ အခြေအနေမှန်ကို သိစေချင်လို့ အခုလို စာရေးသားလိုက်ရခြင်းဖြစ်ပါတယ်။

 

လားရှိုး၌ ဒဏ်ရာရထိခိုက်၊ သေဆုံး၊ အမြဲတမ်း မသန်စွမ်းမှု အကျိုးခံစားခွင့် များ လူမှုဖူလုံရေး ဥပဒေနှင့် အညီ ထုတ်ပေးခြင်း အခမ်းအနား ကျင်းပ

လားရှိုး မတ် ၂၆
လူမှုဖူလုံရေးအဖွဲ့သည် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုး ခံစားခွင့်များ ထုတ်ပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က လားရှိုးမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဘရာဇီးနိုင်ငံတွင် ကျင်းပသည် (၈)ကြိမ်မြောက် ကမ္ဘာ့"ရေ"ဖိုရမ် အခမ်းအနားသို့ တက်ရောက်

နေပြည်တော် မတ် ၂၅
သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် အဖွဲ့သည် ဘရာဇီးနိုင်ငံ၊ ဘရာစီးလီးယား (Brasilia) မြို့တွင် မတ်လ (၁၉)ရက်မှ (၂၂)ရက်အထိ ကျင်းပသည့် (၈)ကြိမ်မြောက် ကမ္ဘာ့"ရေ"ဖိုရမ် (World Water Forum 8) သို့ တက်ရောက်သည်။

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ပဲခူးတိုင်းဒေသကြီး ၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်အတွင်းရှိ လမ်း ၊ တံတား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

 နေပြည်တော် မတ် ၂၅
ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည်  မတ် ၂၃ ရက် မွန်းလွဲပိုင်းတွင် ဒိုက်ဦး - စစ်တောင်း လမ်း ဖောက်လုပ်နေမှုတို့ကို  ကြည့်ရှုစစ်ဆေးသည်။ 
ထို့နောက်  အဆိုပါလမ်းပေါ်ရှိ ကွန်ကရစ်တံတားတည်ဆောက်နေ မှုတို့ကို လိုက်လံကြည့်ရှု စစ်ဆေး သည်။

သီရိမင်္ဂလာကမ္ဘာအေး စေတီတော်မြတ်ကြီးအတွင်း သစ္စေးသရိုးပန်းရွှေချ ပန်းချီကားချပ်ကြီးများနှင့် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအောင်ပွဲ ရေစက်ချမင်္ဂလာ အခမ်းအနားကျင်းပ

သတင်း၊ ဓာတ်ပုံ-ကိုကိုဇော်
ရန်ကုန် မတ် ၂၅
သီရိမင်္ဂလာကမ္ဘာအေး စေတီတော်မြတ်ကြီးအတွင်း ကျင်းပသည့် သစ္စေးသရိုး ပန်းရွှေချပန်းချီ ကားချပ်ကြီးများနှင့် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်း အောင်ပွဲရေစက်ချမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် အဆိုပါ စေတီတော်မြတ်ကြီး ဂန္ဓကုဋိတိုက်၌ ကျင်းပသည်။
ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိ်ယဥက္ကဋ္ဌ ဆရာတော်ကြီး များအမှူးပြုသည့် ပင့်သံဃာတော်များ ကြွရောက်တော်မူကြပြီး ဂန္ဓကုဋိတိုက်အတွင်းတွင် သီရိမင်္ဂလာကမ္ဘာအေး စေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေကအနေကဇာတင်လှူ ပူဇော်ကြသည်။

သီရိမင်္ဂလာကမ္ဘာအေး စေတီတော်မြတ်ကြီးအတွင်း သစ္စေးသရိုးပန်းရွှေချ ပန်းချီကားချပ်ကြီးများနှင့် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအောင်ပွဲ ရေစက်ချမင်္ဂလာ အခမ်းအနားကျင်းပ

သတင်း၊ ဓာတ်ပုံ-ကိုကိုဇော်
ရန်ကုန် မတ် ၂၅
သီရိမင်္ဂလာကမ္ဘာအေး စေတီတော်မြတ်ကြီးအတွင်း ကျင်းပသည့် သစ္စေးသရိုး ပန်းရွှေချပန်းချီ ကားချပ်ကြီးများနှင့် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်း အောင်ပွဲရေစက်ချမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် အဆိုပါ စေတီတော်မြတ်ကြီး ဂန္ဓကုဋိတိုက်၌ ကျင်းပသည်။
ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိ်ယဥက္ကဋ္ဌ ဆရာတော်ကြီး များအမှူးပြုသည့် ပင့်သံဃာတော်များ ကြွရောက်တော်မူကြပြီး ဂန္ဓကုဋိတိုက်အတွင်းတွင် သီရိမင်္ဂလာကမ္ဘာအေး စေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေကအနေကဇာတင်လှူ ပူဇော်ကြသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း မသန်စွမ်းသူများ၊ မိုင်းဒဏ်ကြောင့် မသန်စွမ်းသူများနှင့် အမျိုးသမီး ဦးဆောင်သော မိသားစုများအတွက် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ထောက်ပံ့

နေပြည်တော် မတ် ၂၅

(၃၇)ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်အဆို မူကြမ်းအပေါ် မြန်မာနိုင်ငံက ပြတ်သားစွာ ပယ်ချ

နေပြည်တော် မတ် ၂၄
ဂျီနီဗာမြို့၌ မတ် ၂၃ ရက်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ (၃၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအတွင်း ဥရောပသမဂ္ဂ (အီးယူ)မှ အဆိုပြုတင်သွင်းသည့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ ဆုံးဖြတ်ချက် အဆိုမူကြမ်းတစ်ရပ်ကို အရေးယူ ဆောင်ရွက်ရန် အတွက် ဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့သည်။

နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဂျပန်လွှတ်တော်ရေးရာ နိုင်ငံခြားရေး ဒုတိယဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး

နေပြည်တော် မတ် ၂၃
နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ သည် ဂျပန်နိုင်ငံ၊ လွှတ်တော်ရေးရာ နိုင်ငံခြားရေး ဒုတိယဝန်ကြီး H.E. Mr. Iwao HORII ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။
တွေ့ဆုံရာ၌ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပါဝင် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီးအား တွေ့ဆုံ

နေပြည်တော်  မတ် ၂၃
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E Mr. Scot Marciel ဦးဆောင်သော အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌  တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေး ၊ မြို့ပြအိမ်ရာ ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ 
(သတင်းစဉ်)

Pages