အထူးဒေသ(၂)အနေဖြင့် နိုင်ငံတော်မှ မည့်သည့်အခါမှ ခွဲထွက်သွားမည်မဟုတ်

Sat, 01/19/2013 - 16:25 -- admin

နေပြည်တော် ဒီဇင်ဘာ ၆

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌများ ဖြစ်ကြသည့် သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့်  ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော် ဆောင်မှုကော် မတီဥက္ကဋ္ဌ ဦးသိန်းဇော်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး၊ ဦးခင်မောင်စိုး၊ ဦးအုန်းမြင့်၊ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ၊ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုးနှင့် ဗိုလ်ချုပ် သန်းထွန်းဦးနှင့် တာဝန် ရှိသူများသည် ဒီဇင်ဘာ ၄ ရက် နံနက် ၁၁ နာရီခွဲတွင် တပ်မတော် ရဟတ်ယာဉ်များဖြင့်  ပန်ဆန်းမြို့သို့ရောက်ရှိကြရာ ပန်ဆန်းအထူးဒေသ (၂)ဒုတိယဥက္ကဋ္ဌ ဦးရှောက်မင်လျှံနှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းသား တိုင်းရင်းသူများက ကြိုဆိုနှုတ်ဆက်ကြသည်။